ပူတာအို

May 9, 2021

ပူတာအိုတွင် ဆိုင်ကယ်သစ် ၇ စီးကို အကြမ်းဖက်စစ်ကောင်စီ သိမ်းဆည်း

ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေ ၈ ရက်ညက ဆိုင်ကယ်အရောင်းဆိုင်တွေဆီကနေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲနဲ့ ကျေးရွာအုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်တွေကို လိုက်လံ သိမ်းဆည်းသွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

မေ ၈ ရက် ညပိုင်းမှာ ပူတာအိုမြို့အတွင်းက ဆိုင်ကယ်အရောင်းဆိုင် ၃ ဆိုင်က ဆိုင်ကယ် စုစုပေါင်း ၇ စီးကို သိမ်းဆည်းသွားတာပါ။

"ဆိုင်ကယ်အရောင်းလိုင်စင် မရှိလို့ဆိုပြီး အကြမ်းဖက်တပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်လိုက်သိမ်း‌နေပြီး ဆိုင်ကယ်အသစ်စုစုပေါင်း ၇ စီး ပါသွားတယ်" လို့ ပူတာအိုဒေသခံက ပြောပါတယ်။

ပူတာအိုမြို့ဟာ အဖြူရောင်နယ်မြေလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဒေသတစ်ခုဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဘက်က ပထမဆုံးအကြိမ် ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းဆည်းဖြစ်တယ်လို့ သိရပါတယ်။

5 days Ago

May 1, 2021

ပူတာအိုမြို့နယ်တွင် တောမီးလောင်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက မန်စေအုပ်စုနဲ့ မန်စေခွန်ကျေးရွာအုပ်စုမှာ ခုရက်ပိုင်း တောမီးလောင်မှု ၂ နေရာမှာ ဆက်တိုက်ဖြစ်နေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

‌ပူတာအိုဒေသခံတွေအတွက် အထင်ကရနေရာတစ်ခုဖြစ်တဲ့  နမ်လယ်ဆုံ‌ ဆုတောင်းတောင်သို့ သွားရာ တောင်ကုန်းတစ်ကျောနဲ့ တထိန်ဒမ်းရွာ မြောက်ဘက်ရှိ တောင်တစ်လုံးတို့မှာ မီးလောင်မှု ဆက်တိုက်ဖြစ်တယ်လို့ ‌တထိန်ဒမ်းရွာခံတစ်ဦးက ပြောပါတယ်။

“တောမီးလောင်တဲ့နေရာက ကျနော်တို့တထိန်ဒမ်းရွာရဲ့မြောက်ဘက်မှာရှိတဲ့တောင်မှာ ဧပြီလ ၃၀ ရက် နေ့လယ်လောက်က စလောင်တာ။ ခုချိန်ထိ မီးမငြိမ်းသေးဘူး။ ပြီးတော့ ဘာလို့ မီးလောင်တယ်ဆိုတာ ဘယ်သူမှသွားမကြည့်ဘူး။ တကယ်ဆို သစ်တောဌာနတာ၀န်ရှိသူတွေက သွားကြည့်ပြီး မီးငြှိမ်းသင့်ရင် ငြှိမ်းရမှာပါ” လို့ ဒေသခံက ပြောပါတယ်။

ဧပြီ ၂၈ ရက်နေ့ကစပြီး နမ်လယ်ဆုံ‌ ဆုတောင်းတောင်သွားတဲ့ တောင်ကုန်းတကြောမှာလည်း  ၃ ရက်ကြာ မီးလောင်မှုကြီး ဖြစ်သွားတယ်လို့ ဆန်ဂေါင်ရွာခံတစ်ဦးက ပြောပါတယ်။ 

“နမ်လယ်ဆုံဆုတောင်းတောင်သွားတဲ့ လမ်းတကြောမှာ တောမီးလောင်တာ ၃ ရက်ရှိသွားတယ်။ တောမီးလောင်နေတဲ့ နေရာ၀န်းကျင်မှာ ဒေသခံတချို့က  ပူတာအိုဒေသရဲ့ ၀င်ငွေရရှိရာ ဈေးကွက်တစ်ခုဖြစ်တဲ့ ရှားကောပင် စိုက်ပျိုးနေကြတယ်။ အဲ့ဒီစိုက်ခင်းတွေ မီးထဲပါသွားမှာကို စိုးရိမ်‌‌တယ်။ ပြီးတော့ တောင်ယာတွေ ဘယ်လောက်ပါသွားတယ်ဆိုတာ ဘယ်သူမှ အတည်မပြုနိုင်သေးဘူး” လို့ ဆိုပါတယ်။

ပူတာအိုဒေသမှာ နှစ်တိုင်းလို တောမီးလောင်မှု အသေးစားတွေရှိခဲ့ပေမဲ့ ယခုလို ၃ ရက်ကြာ မီးလောင်တာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

2 weeks Ago
More News
Up