ပုသိမ်မြို့

May 4, 2021

ပုသိမ်မြို့တွင် မီးလောင်၊ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငါးပြားလမ်းမှာ မေလ ၅ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မနက် ၄ နာရီခွဲလောက်က စတင်မီးလောင်ခဲ့တာဖြစ်ပြီး ၅ နာရီကျော်လောက်မှ မီးထိန်းနိုင်ခဲ့ပေမယ့် လူနေအိမ် ၅ လုံးလောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေတွေကို အတိအကျ မသိရသေးပါတယ်။

လက်ရှိအချိန်မှာတော့ မီးလောင်ရာနေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်ရှိနေပြီး စစ်ဆေးနေပါတယ်။ ပုသိမ်မြို့မှာ အာဏာသိမ်းမှုနောက်ပိုင်း ဒုတိယအကြိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

3 days Ago

May 2, 2021

ပုသိမ်မြို့က အပျော်တမ်း ဓာတ်ပုံသမား ၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၂ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေက အပျော်တမ်းဓာတ်ပုံသမား ၁ ဦးကိုရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အမှတ် ၆ ရပ်ကွက်၊ အောင်ချမ်းသာ ၄ လမ်းထိပ်မှာ အပျော်တမ်း ဓာတ်ပုံလိုက်ရိုက်တဲ့ ဦးဆန်းမြင့် ကွမ်းယာလာဝယ်ချိန် အိမ်စီးကားနဲ့ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။

ဓာတ်ပုံဆရာ ဦးဆန်းမြင့်ကိုဖမ်းဆီးပြီး နေ့လည်ပိုင်းမှာ သူ့ရဲ့ နေအိမ်ကိုလည်း လာရောက်ရှာဖွေသွားတယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ပုသိမ်မြို့မှာ ပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို ဝါသနာအရ ဓာတ်ပုံလိုက်ရိုက်လေ့ ရှိသူဖြစ်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ပြန်တင်လေ့ရှိသူဖြစ်ပါတယ်။

5 days Ago
More News
Up