ပုသိမ်

May 6, 2021

ပုသိမ်မြို့၌ ဆန္ဒပြလူငယ်ကိုမတွေ့သဖြင့် မိခင်နှင့်အစ်ကိုဖြစ်သူကို ဓားစာခံအဖြစ်ဖမ်းဆီး

ဧရာဝတီတိုင်း ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက်မှာ မေ ၆ ရက် မနက်ပိုင်းက ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုပြီး လူငယ် ၁ ဦးကို ရဲနဲ့စစ်တပ်က ဝင်ဖမ်းရာ မတွေ့တာကြောင့် မိခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူကို ဓားစာခံအဖြစ်  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မနက် ၉ နာရီလောက်က ဝက်သတ်ချောင်ထဲကနေအိမ်မှာ ဝင်ရောက်ရှာဖွေခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်အိအိနွေးနဲ့ အစ်ကိုဖြစ်သူ ကိုနေဇင်အောင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပတ်ဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။

"ရဲရော စစ်သားရောပါတယ်။ အင်အားများတယ်၊ လမ်းထဲဝင်ရှာတာ အဲဒီကောင်လေးကို မတွေ့တော့ သူအမေနဲ့ အစ်ကို ကို ဖမ်းသွားတယ်။ ဖုန်း ၃ လုံးကိုလည်း သိမ်းသွားတယ်'' လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းမှုအပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ရဲနဲ့စစ်တပ်က ပြည်သူ  ၈ ဦးကို ပစ်သတ်ခဲ့ပြီး  ဖမ်းဆီးခံရသူ အယောက်  ၅၀ ကျော်ထိရှိနေပြီဖြစ်ပါတယ်။

1 week Ago

May 2, 2021

ပုသိမ်မြို့တွင် သွေးသပိတ်အပြင် နေရာနှစ်ခုခွဲ ဆန္ဒပြ

ပုသိမ်မြို့မှာ ဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းက ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်း၊ “ထီရောင်းနေတာမဟုတ်ဘူး ဒီမိုကရေစီတောင်းနေတာ” ဆိုတဲ့ ဆိုင်ကယ်သပိတ်စစ်ကြောင်းတို့က ချီတက်ဆန္ဒပြခဲ့ကြပြီး သွေးမတိတ်တဲ့ ဆေးသပိတ်ကိုပါ ပြုလုပ်ခဲ့ကြပါတယ်။

2 weeks Ago
More News
Up