ပုလဲမြို့နယ်

September 26, 2021

ပုလဲမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာကနေ ဂန့်ဂေါနယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ ယာဉ်တန်းပါ ကား ၃ စီး လယ်ဓမ္မရွာအနီး စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

“မနက်က စစ်ကောင်စီ အသုံးပြုလာတဲ့ မှန်လုံကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲတယ်။ သုံးစီးလုံး မိတယ်။ ကား‌ဘေးက မှန်တွေ အကုန်ကွဲသွားတယ်ဗျ။ သေဆုံးမှုနဲ့ အထိအခိုက်ကတော့ မသိရဘူး။ ဒီကောင်တွေ မိုင်းမိပြီး ကန်ဒေါင့်ရွာဆီ အပြေးမောင်းသွားတာဗျ။ ပုလဲ-ဂန့်ဂေါလမ်းကို ခရီးသည်တင်ယာဉ်တွေ စီးပွားရေးသမားရဲ့ ကုန်ကားတွေ မလာကြဖို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။ တကယ်လို့ တားမြစ်ချက်ကို မလိုက်နာဘဲ လာခဲ့မယ်ဆိုရင်တော့ ပုလဲ PDF တပ်ဖွဲ့က အာမ မခံဘူး” လို့ ပုလဲPDFခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်အတွင်း စစ်ကားတွေနဲ့ အသွားအလာမလုပ်ဘဲ အရပ်သုံးကားတွေကို သုံးပြီး ကျေးရွာတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်တာတွေ နေ့စဉ် လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်​ကျေးရွာနဲ့ ကန့်ထောင့်​ကျေးရွာကြားမှာရှိတဲ့ ဦး​နှောက်လမ်းခွဲမှာ စစ်​ကောင်စီတပ်သား အပြည့်ပါလာတဲ့ကား တစီး  မိုင်းထိမှန်ခဲ့ပါတယ်။

2 days Ago

ပုလဲမြို့နယ်၊ ချောင်းဦးရွာတွင် စစ်ကောင်စီသတင်းပေး ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများတဲ့ အမျိုးသားတယောက် စက်တင်ဘာ ၂၅ ရက် မနေ့ည ၁၁ နာရီခွဲလောက်က ဓားနဲ့ ခုတ်သတ်ခံရတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။

ရွာသားတစ်ဦးက “အသတ်ခံလိုက်ရသူအမည်က ဦးကျော်ဆွေပါဗျ။ ဓားနဲ့ခုတ်သတ်ခံလိုက်ရတာ။ ဘာကြောင့် အသတ်ခံရတာလဲဆိုတော့ ဒလန်လို့တော့ သတင်းထွက်နေတာကြာပြီ။ သူ့ကို ဒလန်ရှင်းလင်းရေးအဖွဲ့က စောင့်ကြည့်နေကြတာ။ စစ်ကောင်စီ ထောက်ခံအားပေးကာ သတင်းပေးတာတွေ လုပ်တာ သေချာသွားလို့ အခုလို အသတ်ခံရတာ ဖြစ်နိုင်တယ်”လို့  ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အင်းအားအလုံးအရင်းနဲ့ ဒီနေ့ စက်တင်ဘာ၂၆ ရက်အထိ နယ်မြေရှင်းလင်းရေးဆိုပြီး ကျေးရွာတိုင်းလိုလိုဝင်ရောက်ကာ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ နေ့စဉ်လုပ်နေပါတယ်။

ပုလဲမြို့နယ်အတွင်း အင်တာနက်လိုင်းတွေလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက  ဖြတ်တောက်ခံထားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ သတင်းပေး ဒလန်မှန်သမျှ အမြင်မှန်ရပြီး ငြိမ်ငြိမ်နေပါ၊ ငြိမ်ငြိမ်မနေရင် ဒလန်တွေကို လိုက်လံရှာဖွေ ရှင်းလင်းသွားမယ်လို့ ဒလန်ရှင်းလင်းရေး မဟာမိတ်အဖွဲ့က ​သတင်းထုတ်ပြန်ထား ပါတယ်။

2 days Ago

September 23, 2021

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်သားအပြည့်ပါလာသည့်ကား မိုင်းထိမှန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်​ကျေးရွာနဲ့ ကန့်ထောင့်​ကျေးရွာကြားမှာရှိတဲ့ ဦး​နှောက်လမ်းခွဲမှာ စစ်​ကောင်စီတပ်သား အပြည့်ပါလာတဲ့ကား ၁ စီး စက်တင်ဘာ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒီ​နေ့မနက် ၉ နာရီဝန်းကျင်​လောက်က မိုင်းထိမှန်ခဲ့တာဖြစ်ပြီး အဲဒီကား​ပေါ်မှာ စစ်​ကောင်စီ တပ်သား အပြည့်ပါလာသလို ကား ၁ စီးလုံး ထိမှန်ခဲ့တာ​ကြောင့် ထိခိုက်ဒဏ်ရာရ အ​သေအပျောက်များနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မနေ့ညက မရိုးတုန်းရွာမှာအိပ်တဲ့စစ်တပ်က အခုမနက်ပိုင်းမှာ ​ချင်ပြစ်​ကျေးရွာအတွင်းကို ဝင်​​ရောက်မွှေ​​နေ​သလို သေနတ်ပစ်သံ​တွေလည်း ကြား​နေရ​ကြောင်း ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

အခုမိုင်းထိမှန်တဲ့ စစ်ကားဟာ အင်အားဖြည့်တပ်ကူလာတဲ့အဖွဲ့ဖြစ်ပြီး ဂန့်​ဂေါနယ်ဘက်ကလည်း စစ်​ကောင်စီတပ်က ကား ၆ စီး​လောက် ပုလဲနယ်ဘက်ကို ဆင်းလာ​နေတယ်ဆိုပါတယ်။

5 days Ago
More News
Up