ပုဒ်မ ၅၀၅

October 23, 2021

ပဲခူးမြို့ခံ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ပဲခူးမြို့က အမျိုးသမီးတဦးကို အောက်တိုဘာ ၂၃ ရက် ဒီနေ့ မနက် ၁ နာရီလောက်မှာ  စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ပဲခူးမြို့၊ မှော်ကန် ၆ လမ်းထိပ်ရှိ ​ကျော်သူနိုင် ထုံးလုပ်ငန်းအိမ်က မခင်မျိုးလွင်ကို ရာဇသတ်ကြီး ပုဒ်မ  ​၅၀၅  နဲ့ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့တုန်းကလည်း မခင်မျိုးလွင်ရဲ့ ဦးလေးဖြစ်သူ ဦးဂျူဂျူးနဲ့ မောင်ဖြစ်သူ မောင်ကျော်စိုးအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး အခု ကျန်မိသားစုဝင်တွေပါ ပုဒ်မတွေတပ် လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ  အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မရပြီးနောက် အကျဉ်းသားတွေနဲ့ ပုဒ်မ ၅၀၅ အမှုနဲ့ ဖမ်းဆီးတရားစွဲခံရသူ ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ လူ ၁၀၀၀ လောက်သာ ပြန်လွတ်လာပြီး ရာနဲ့ချီပြန်လည်ဖမ်းဆီးခဲ့ပါတယ်။

3 months Ago

June 30, 2021

ပုဒ်မ ၅၀၅ ဖြင့် ဖမ်းခံထားရသူ အမျိုးသမီး ၃ ဦးသာ မုံရွာအကျဉ်းထောင်မှ ပြန်လွတ်

စစ်ကိုင်းတိုင်း မုံရွာမြို့ အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅ နဲ့ ဖမ်းခံထားရသူ အမျိုးသမီး ၃ ဦးသာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာသူ မပြည့်ဖြိုးသူက “ဒီနေ့ မုံရွာထောင်ကနေ ၃ ယောက်ပဲ လွတ်လာတယ်၊ အခုလွတ်လာတာ ကျမအပါအဝင် ၃ ဦး၊ ဒီနေ့လယ် ၂ နာရီလောက်လွတ်လာခဲ့တယ်” လို့ ပြောပါတယ်။

ပြန်လွတ်လာသူ အမျိုးသမီး ၃ ဦးတို့မှာ မသီရိစံ၊ ဒေါ်ဌေးယဉ်နဲ့ မပြည့်ဖြိုးသူတို့ ဖြစ်ပြီး ဧပြီနဲ့ မေလအတွင်းက ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

နိုင်ငံအဝှမ်း ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၂ ထောင်ကျော် ဒီကနေ့ လွတ်မြောက်မယ်လို့ သိရပါတယ်။

7 months Ago
More News
Up