ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ဆဲလ်တစ်ကစားသမားများကို နည်းပြ ရော်ဂျာ ဝေဖန်

September 14, 2017

ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ဆဲလ်တစ်ကစားသမားများကို နည်းပြ ရော်ဂျာ ဝေဖန်

ပီအက်စ်ဂျီအသင်းနဲ့ပွဲမှာ ကစားသမားတွေအနေနဲ့ အသက် ၁၂ အောက် ကလေးတွေလို ကစားခဲ့တယ်လို့ ဆဲလ်တစ်နည်းပြ ဘရန်ဒါရော်ဂျာက ဝေဖန်ပြောကြားလိုက်ပါတယ်။ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းဟာ စက်တင်ဘာ ၁၂ ရက်က ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၁၈၉၅ ခုနှစ်နောက်ပိုင်း အိမ်ကွင်းမှာ ဂိုးအပြတ်ဆုံး ရှုံးနိမ့်တဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလို စံချိန်တင်ရှုံးနိမ့်ခဲ့တာဟာ ကစားသမားတွေရဲ့ ယုံကြည်မှုအားနည်းတာကြောင့်ဖြစ်ပြီး ဒီလို ထိပ်တန်းအဆင့်ပြိုင်ပွဲမှာ ကစားသမားကောင်းတွေရှိဖို့ လိုတယ်လို့လည်း ရော်ဂျာက ဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဆဲလ်တစ်အသင်းကို စိတ်ကြိုက်ဖိအားပေး ကစားသွားခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ နာမည်ကြီးတိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီက ၂ ဂိုး၊ နေမာနဲ့ အမ်ဘာပေတို့က ၁ ဂိုးစီနဲ့ ဆဲလ်တစ်ဘက်က ကိုယ့်ဂိုးကိုယ်သွင်းတာကနေ ၁ ဂိုးရခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up