ပိုမိုထိန်းချုပ်

July 5, 2020

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ပိုမိုထိန်းချုပ်ရန် WHO သတိပေး

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို အချိန်တိုင်း သတိထားသင့်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုတွေ ပိုလုပ်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ တာဝန်ရှိသူတွေက ဇူလိုင်လ ၃ ရက်မှာ ပြောပါတယ်။  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ WHO ရဲ့ အရေးပေါ် ကျန်းမာရေးအစီအစဉ်များဆိုင်ရာ ပရိုဂရမ်ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ဒီလို ပြောတာပါ။  လက်ရှိအခြေအနေမှာပဲ  ကူးစက်နှုန်းဟာ သိပ်မြင့်နေတယ်လို့လည်း သူက ပြောပါတယ်။ ဆေးကို မတီထွင်နိုင်သေးတာလည်း ပြသနာတခုပါ။   ဇူလိုင်လ ၅ ရက်မနက်မှာပဲ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံအတည်ပြု လူနာစာရင်းဟာ ၁၁ သန်း ၃ သိန်းကျော်နေပြီ ဖြစ်ပါတယ်။
1 year Ago
Up