ပိုကောင်းသည့်ခြေစွမ်း

September 20, 2020

ပိုကောင်းသည့်ခြေစွမ်းထုတ်ပြရန် မန်ယူကစားသမားများကို ဆိုးလ်ရှား တိုက်တွန်း (ရုပ်သံဟိုက်လိုက်)

မန်ယူကစားသမားတွေအနေနဲ့ ပိုကောင်းတဲ့ခြေစွမ်း ထုတ်ပြနိုင်ဖို့လိုတယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတာပါ။ အဲဒီပွဲစဉ်က ခြေစွမ်းဟာ အသင်းမှာ သိပ်ပြီးမြင်တွေ့ရလေ့မရှိတဲ့ ခြေစွမ်းမျိုးဖြစ်ပြီး အခုထက်ပိုကောင်းအောင် ကစားနိုင်စွမ်းရှိသေးတယ်ဆိုတာ လူတွေအားလုံး သိရှိကြောင်း နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူနိုက်တက်ကစားသမားတွေအနေနဲ့ ပိုကောင်းတဲ့ခြေစွမ်း ထုတ်ပြနိုင်ဖို့လိုအပ်ပြီး ခရစ္စတယ်ပဲလေ့အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်းလည်း နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေမှာ ၃ ကြိမ်မြောက် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး ၁၉၉၂-၉၃ ရာသီမှာ အဲဗာတန်၊ ၂၀၁၄-၁၅ ရာသီမှာ ဆွမ်ဆီး အသင်းတွေကို ရှုံးနိမ့်ခဲ့ဖူးတာ ဖြစ်ပါတယ်။  ချေပဂိုးတစ်ဂိုးသွင်းခဲ့တဲ့ ဗန်ဒီဘိခ်ကတော့  ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်တဲ့ အယောက် ၂၀ မြောက် မန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
9 months Ago
Up