ပါရီရှိ မိုးမျှော်အဆောက်အဦပေါ် တက်ခဲ့သည့် ပြင်သစ် ပင့်ကူလူသား

March 23, 2016

ပါရီရှိ မိုးမျှော်အဆောက်အဦပေါ် တက်ခဲ့သည့် ပြင်သစ် ပင့်ကူလူသား (ရုပ်သံ)

ပြင်သစ် ပင့်ကူလူသားလို့ အမည်တွင်သူ အလိန်း ရောဘတ်ဟာ ဆံပင်ကျွတ်တဲ့ ပြဿနာကို လူသတိထားမိအောင် မြှင့်တင်တဲ့အနေနဲ့ မြို့တော်ပါရီ လာဒီဖန့်စ် စီးပွားရေးခရိုင်တွင်းက တိုတယ်မျှော်စင်ပေါ်ကို တက်ရောက်ခဲ့ပါတယ်။ ရောဘတ်ဟာ နယူးယောက်တိုင်းမ်စ် အဆောက်အဦနဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက် ဘာ့ခ်ျ အယ်လ် ခါလီဖာတို့ အပါအဝင် အဆောက်အဦ ၁၀၀ ကျော်ကို တက်ခဲ့ပြီးပါပြီ။ ဒေသတွင်း ရုံးဝန်ထမ်းတွေက အသက် ၅၃ နှစ်အရွယ် ပြင်သစ်အမျိုးသား အဆောက်အဦထိပ်ထိ တက်ခဲ့တာကို ကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ရဲတွေက သူ့ကို နှုတ်ဆက်ခဲ့ပြီး မေးစရာရှိတာမေးဖို့ ဒေသခံ ရဲစခန်းကို ခေါ်သွားခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံမှာ ဆံပင်ဆုံးရှုံးမှုနေ့က မတ်လ ၂၄ ရက်နေ့ပါ။ ဆံပင်ကျွတ်တာ တိုက်ဖျက်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်တဲ့ ဆေးကုမ္ပဏီက အဲဒီနေ့ကို စတင် မိတ်ဆက်ခဲ့ပါတယ်။
5 years Ago
Up