ပရီးမီးယားလိဂ် စပါးစ်

April 16, 2017

ပရီးမီးယားလိဂ် စပါးစ် ၄-၀ ဘုန်းမောက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးစ်အသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ စပါးစ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်တိုက် ခြေစွမ်းပြနေပြီး ဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်းကိုလည်း ဖိအားပေးနေတာ ဖြစ်ပါတယ်။ စပါးစ်အသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသားစီးနဲ့ တဖက်သတ် ကစားသွားခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ဒမ်ဘယ်လီ၊ ဟန်မင်စွန်၊ ကိန်းနဲ့ ဂျန်စ်ဆန်တို့က ၁၆၊ ၁၉၊ ၄၈နဲ့ မိနစ် ၉၀ တို့မှာ အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ စပါးစ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ၃၂ ပွဲကစား ရမှတ် ၇၁ မှတ်နဲ့ ဇယားထိပ်မှာရှိတဲ့  ချဲလ်ဆီးနဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ ဘုန်းမောက်အသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up