ပရီးမီးယားလိဂ်ပွဲစဉ်

June 15, 2017

၂၀၁၇-၁၈ ပရီးမီးယားလိဂ်ပွဲစဉ် ထုတ်ပြန်၊ ချဲလ်ဆီးနှင့် ဘန်လေ၊ မန်ယူနှင့် ဝက်စ်ဟမ်းတို့ တွေ့ဆုံ

၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်လ ၁၄ ရက်က ရေးဆွဲထုတ်ပြန်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်သြဂုတ်လ ၁၂ ရက်မှာ စတင်မှာဖြစ်ပြီး လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက ဘန်လေအသင်းနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာပါ။ အသင်းကြီးတွေထဲမှာ စပါးအသင်းက တန်းတက် နယူးကာဆယ်နဲ့ အဖွင့်ပွဲမှာ တွေ့ဆုံနေပြီး မန်စီးတီးက ဘရိုက်တန်၊ လီဗာပူးက ဝတ်ဖို့ဒ်၊ အာဆင်နယ်က လက်စတာ၊ မန်ယူက ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာပါ။ လာမယ့်နှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကစားဖို့ ရှိတာကြောင့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေကို ပြီးခဲ့တဲ့ရာသီကထက် တပတ်စောပြီး  ၂၀၁၈ ခုနှစ် မေလ ၁၃ ရက်မှာ အပြီးသတ်ကျင်းပမှာပါ။ အသင်းကြီးတွေ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ပွဲစဉ် ၂ မှာပဲ စပါးအသင်းက အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့နှစ်က တန်းဆင်းသွားတဲ့ ဟားစီးတီး၊ မစ်ဒယ်ဘရော့နဲ့ ဆန်းဒါးလန်းအသင်းတို့ရဲ့ နေရာမှာ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ ဟတ်ဒါစ်ဖီးဒ်တောင်းတို့က တန်းတက်အသင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
4 years Ago

December 15, 2016

ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ရလဒ်များနှင့် သွင်းဂိုးများ (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၁၄ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ မှာ လီဗာပူးက မစ်ဒယ်ဘရော့ကို ၃ ဂိုး ဂိုးမရှိ၊ ချဲလ်ဆီးက ဆန်းဒါးလန်းကို ၁ ဂိုး ဂိုးမရှိ၊ ဝက်စ်ဟမ်းက ဘန်လေကို ၁ ဂိုး ဂိုးမရှိ၊ မန်ယူက ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုး၊ မန်စီးတီးက ဝတ်ဖို့ဒ်ကို ၂ ဂိုး ဂိုးမရှိ၊ တော့တင်ဟမ်ဟော့စပါးက ဟားလ်စီးတီးကို ၃ ဂိုး ဂိုးမရှိ၊ ဝက်စ်ဘရွန်းက ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အသီးသီးအနိုင်ရပြီး စတုတ်နဲ့ ဆောက်သမ်တန်တို့ကတော့ ဂိုးမရှိ သရေကျသွားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာတော့ ထိပ်ဆုံးလေးသင်းနေရာမှာ ချဲလ်ဆီးက ရမှတ် ၄၀ နဲ့ ပထမ၊ လီဗာပူးက ၃၄ မှတ်နဲ့ ဒုတိယ၊ အာဆင်နယ်ကလည်း ၃၄ မှတ်နဲ့ပဲ တတိယ၊ မန်စီးတီးက ၃၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ တန်းဆင်းဇုန် အောက်ဆုံးသုံးသင်းအဖြစ် ဆွမ်ဆီးက ၁၂ မှတ်နဲ့ အဆင့် ၁၈၊ ဟားလ်စီးတီးကလည်း ၁၂ မှတ်နဲ့ပဲ အဆင့် ၁၉၊ ဆန်းဒါးလန်းက ၁၁ မှတ်နဲ့ အဆင့် ၂၀ မှာ အသီးသီး ရပ်တည်နေပါတယ်။ မစ်ဒယ်ဘရော့-လီဗာပူးပွဲစဉ် သွင်းဂိုးများ ဆန်းဒါးလန်း-ချဲလ်ဆီးပွဲစဉ် သွင်းဂိုး ဝက်စ်ဟမ်း-ဘန်လေပွဲစဉ် သွင်းဂိုး မန်စီးတီး-ဝတ်ဖို့ဒ်ပွဲစဉ် သွင်းဂိုးများ စပါး-ဟားလ်စီးတီးပွဲစဉ် သွင်းဂိုးများ ဝက်စ်ဘရွန်း-ဆွမ်ဆီးပွဲစဉ် သွင်းဂိုးများ
4 years Ago
More News
Up