ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း ဘန်ကောက်ရောက်

January 30, 2019

ချန်ပီယံဆုအတွက် လက်လျှော့မည်မဟုတ်ဟု မန်စီးတီးနည်းပြ ပြော

နယူးကာဆယ်အသင်းနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် ချန်ပီယံဆုအတွက် လက်လျှော့သွားမှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ပြီး အခုနှစ်ရာသီမှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ဒီနေ့ညကစားမယ့်ပွဲမှာ လီဗာပူးအသင်းက လက်စတာကို အနိုင်ရမယ်ဆိုရင် ၇ မှတ်အထိ ကွာဟသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အမှတ်ကွာဟချက် များနိုင်ပေမယ့် ပွဲတွေအများကြီး ကျန်သေးပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့တာပါ။ လက်ရှိအချိန်ဟာ ဇန်နဝါရီလပဲ ရှိသေးတာကြောင့် ဧပြီနဲ့ မေလမှာ ချန်ပီယံဆုအတွက် ဆုံးဖြတ်မှာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ ဒါပေမယ့် နောက်ထပ် အမှတ်လျော့လို့တော့ မရတော့ဘဲ ချန်ပီယံဆုအတွက်တော့ ပိုခက်ခဲသွားပြီဖြစ်တယ်လို့ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။
2 years Ago

October 25, 2016

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ရန် ကစားသမားအင်အားကောင်းရန်လိုဟု စပါးနည်းပြ ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် ကစားသမား အင်အားကောင်းဖို့ လိုတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ကစားသမား ၂၆ ဦးသာ အသုံးပြုထားပြီး အနည်းဆုံး အသုံးပြုတဲ့အသင်းတွေထဲမှာ ဝင်နေတာပါ။ စပါးအသင်းဟာ ဘုန်းမောက်နဲ့ ပွဲမှာ သရေရလဒ်သာ ရယူနိုင်ခဲ့ပြီး ချန်ပီယံဆု စိန်ခေါ်နိုင်ဖို့ဆိုရင် ဘုန်းမောက်လိုအသင်းနဲ့ပွဲမှာ အနိုင်ရအောင်ကစားနိုင်တဲ့ ခြေစွမ်းရှိဖို့ လိုတယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။ စပါးအသင်းရဲ့ ပထမပိုင်းကစားပုံကိုလည်း လန်းဆန်းမှု မရှိဘူးလို့ ဝေဖန်ခဲ့ပြီး အနိုင်ရဖို့ဆိုရင် ဂိုးသွင်းတတ်ဖို့လည်း လိုတယ်လို့ ပိုချက်တီနိုက အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ပြောပါတယ်။ စပါးအသင်းဟာ ဘုန်းမောက်နဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ အထိ ကျဆင်းခဲ့ပါတယ်။
5 years Ago
More News
Up