ပထမဆုံး

July 30, 2020

အီရန်စစ်တပ် ဒုံးကျည်များကို မြေအောက်မှ ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ် 

အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ဒုံးကျည်တွေကို မြေအောက်ကနေ ပထမဆုံးအကြိမ်အနေနဲ့ ပစ်လွှတ်ခဲ့တယ်လို့ အစောင့်တပ်ရဲ့ လေကြောင်းနည်းပညာတပ်ဖွဲ့အကြီးအကဲက  ပြောကြားလိုက်ပါတယ်။ အီရန်နဲ့အမေရိကန်အစိုးရတို့အကြား တင်းမာမှုမြင့်တက်နေချိန်မှာပဲ ဇူလိုင် ၂၈ ရက်က ပါရှန်ပင်လယ်ကွေ့မှာ  အီရန်စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပါတယ်။  အီရန်ရဲ့စစ်ရေးလေ့ကျင့်မှုကြောင့်  ဒေသတွင်း အမေရိကန်စစ်စခန်း နှစ်ခုကို  လုံခြုံရေး တပ်လှန့်ခဲ့ရပြီး အီရန်ဒုံးကျည်ပစ်လွှတ်မှုတွေက တာဝန်မဲ့လွန်းတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။ မကြာသေးခင်နှစ်တွေမှာ ပင်လယ်ကွေ့အတွင်း အီရန်အစောင့်တပ်တွေနဲ့အမေရိကန် စစ်ဘက်အကြား မကြာခဏဆိုသလို ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။ အီရန်ရေတပ်ဟာ ဟော်ဇ်မုန်ရေလက်ကြားကို ဖြတ်လာတဲ့ အမေရိကန်စစ်သင်္ဘောတွေကို  တိုက်ခိုက်ရေး လှေငယ်တွေ စေလွှတ်နှောင့်ယှက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က စွပ်စွဲ ပြောဆို ထားပါတယ်။  အခု အီရန်ဒုံးကျည်ပစ်လွှတ်တဲ့ ဗွီဒီယိုမှာ ဒုံးကျည်တွေက  အမေရိကန်လေယာဉ်တင် သင်္ဘောပုံတူ  ပစ်မှတ်ထိမှန်တာကို ပြသခဲ့ပါတယ်။    အီရန်အစောင့်တပ်နဲ့ ရေတပ်လေ့ကျင့်မှုအတွင်း အမေရိကန် စစ်သင်္ဘော ပုံတူရုပ်တွေကို   မကြာခဏ အသုံးပြုလာတယ်လို့လည်း  ရိုက်တာက ဖော်ပြပါတယ်။
9 months Ago

July 2, 2020

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်ဖြင့် ပထမဆုံးအကြိမ် အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေသစ်နဲ့ ပထမဆုံးအကြိမ် အမျိုးသားတစ်ဦးကို  ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဇူလိုင် ၁  ရက်မှာ ပြောပါတယ်။  အဲဒီအမျိုးသားဟာ ဟောင်ကောင်လွတ်လပ်ရေးကို ထောက်ခံတဲ့ အလံကိုင်ဆောင်မှုနဲ့ အဖမ်းခံရပြီး ဒါဟာ တရုတ်အစိုးရက ညတွင်းချင်း အတည်ပြုလိုက်တဲ့ ဥပဒေသစ်နဲ့ ပထမဆုံး ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တင်တဲ့ တွစ်တာပို့စ်အရ တီရှပ်အနက် ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးရဲ့ ရှေ့ ပလက်ဖောင်းပေါ်မှာ “ဟောင်ကောင် လွတ်လပ်ရေး”ဆိုတဲ့ အလံတစ်ခုကို ချထားပါတယ်။   ဒါပေမဲ့ ဓာတ်ပုံကို အနီးကပ်ကြည့်ရာမှာတော့ ‘လွတ်လပ်ရေး’ ဆိုတဲ့ စကားလုံးရှေ့မှာ မှုန်ဝါးဝါး လက်ရေးနဲ့ “no to" ဆိုတာကို ရေးထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကို မေးမြန်းခဲ့ရာမှာတော့ ချက်ချင်းဖြေကြားတာ မရှိပါဘူး။  စကားလုံး မှုန်ဝါးဝါးလေးဟာ အဲဒီအမျိုးသားကို တရားစွဲမခံရအောင် ကယ်တယ်နိုင်မလားဆိုတာ  မသိရသလို သူနဲ့ပတ်သက်ပြီး အသေးစိတ် မသိရသေးဘူးလို့လည်း ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago
More News
Up