ပတ်ဂွန်ဟေး

April 6, 2018

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို ထောင်ဒဏ် ၂၄ နှစ် ချမှတ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဗဟိုခရိုင်တရားရုံး တရားသူကြီးက ဧပြီ ၆ ရက်နေ့မှာ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ အစိုးရရှေ့နေတွေက ပတ်ဂွန်ဟေးကို ထောင်ဒဏ် နှစ် ၃၀ ချဖို့ ဆော်သြခဲ့တာပါ။ သူဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။ ပတ်ဂွန်ဟေးဟာ ထောင်ဒဏ်အပြင် ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၁၁ သန်းကိုပါ ပေးဆောင်ဖို့ စီရင်ချက် ချမှတ်ခံရပါတယ်။ သူဟာ ၂၀၁၇ မတ်လမှာ အဖမ်းခံရပြီးတည်းက ဆိုးလ်မြို့တော်နားက အချုပ်ခန်းထဲမှာ ထိန်းသိမ်းခံခဲ့ရတာပါ။ ပတ်ဂွန်ဟေးကတော့ ဒီစွဲချက်ဟာ နိုင်ငံရေးအကွက်ရွှေ့တာလို့ ပြောရင်း ကျန်းမာရေးကို အကြောင်းပြပြီး တရားရုံး ကြားနာပွဲကို တက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပတ်ဟာ သူ့အနီးကပ်သူငယ်ချင်း ချိုအီစွန်းစီကို အစိုးရရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့် အများအပြား ပေးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ ဒါ့အပြင် သူတို့သူငယ်ချင်းနှစ်ယောက်ဟာ မူဝါဒရေးရာ မျက်နှာသာရရေးအတွက် လုပ်ငန်းစုကြီးတွေဆီက ဒေါ်လာသန်း ဆယ်ဂဏန်းနဲ့ချီပြီး လာဘ်ယူခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။
3 years Ago

March 30, 2017

သမ္မတဟောင်း ပတ်ဂွန်ဟေးကို တရားရုံးထုတ် စစ်ဆေးမည့်အတွက် လုံခြုံရေးတင်းကျပ်

လာဘ်စားမှုနဲ့ အစစ်ဆေးခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို ဖမ်း၊ မဖမ်း ဆိုးလ်ခရိုင် ဗဟိုတရားရုံးမှာ ဒီကနေ့ စစ်ဆေးဖို့ရှိတာကြောင့် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတာကို မြင်တွေ့ရပါတယ်။ သမ္မတဟောင်း ပတ်ရဲ့ နေအိမ်အနီးမှာ ရဲအရာရှိ ၁၂၀၀ နဲ့ တရားရုံးတဝိုက်မှာ ရဲတပ်ဖွဲ့ဝင် ၂၀၀၀ ကို လုံခြုံရေးချထားတယ်လို့ ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲမှာ အမှုကို စတင်စစ်ဆေးမှာဖြစ်ပြီး တကယ်လို့ တရားသူကြီးက ဖမ်းဖို့ အမိန့်ချမယ်ဆိုရင် သမ္မတဟောင်း ပတ်ဟာ အချုပ်ခန်းထဲမှာ ရက်ပေါင်း ၂၀ ကျော် နေထိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ရက် ၂၀ ကာလအတွင်း သမ္မတအာဏာကို အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေအတွက် ခရိုင်တရားရုံးက သမ္မတ ပတ်ကို စစ်ဆေးမှာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ်ရှိ သမ္မတဟောင်း ပတ်ဟာ တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်စဉ် ရာထူးက ဖယ်ရှားပြီး စစ်ဆေးခံရတဲ့ ပထမဆုံးသမ္မတဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up