ပတ်ကွီရိုနှင့် မေ၀ယ်သာ လက်ဝှေ့ပွဲ

July 11, 2015

အင်ဒိုတွင် သေဒဏ်ကျ ဖိလစ်ပိုင်သူကို လက်ဝှေ့အကျော်အမော် ပက်ကွီရို တွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသူကို ကမ္ဘာကျော် ဖိလစ်ပိုင် လက်ဝှေ့ချန်ပီယံ မန်နီ ပက်ကွီရို (Manny Pacquiao) က အကျဉ်းထောင်မှာ ဇူလိုင် ၁၀ ရက်နေ့က သွားရောက်တွေ့ဆုံပါတယ်။ ဖိလစ်ပိုင်နိုင်ငံသူ မယ်ရီဂျိမ်း ဗလ်လိုဆိုဟာ (Mary Jane Veloso) မူးယစ်ဆေးဝါး ၂.၆ ကီလို အင်ဒိုနီးရှားနိုင်ငံထဲ ခိုးသွင်းမှုနဲ့ သေဒဏ်ချခံထားရပြီး သူ့ရဲ့သေဒဏ်အပေါ် လူတွေ ပိုမိုအာရုံစိုက်မှုရရှိဖို့နဲ့ သေဒဏ်ကို ပြောင်းလဲသတ်မှတ်ပေးဖို့ မျှော်လင့်ချက်နဲ့ သွားရောက်တွေ့ဆုံခဲ့တာလို့ ပြောဆိုပါတယ်။ [caption id="attachment_102197" align="aligncenter" width="599"]ပက်ကွီရိုနှင့် ဗလ်လိုဆို ပက်ကွီရိုနှင့် ဗလ်လိုဆို[/caption] ပက်ကွီရိုနဲ့ ဗလ်လိုဆိုတို့ အကျဉ်းထောင်အတွင်း အတူ ဘုရားဝတ်ပြုခဲ့ကြပြီး ဗလ်လိုဆိုရဲ့တောင်းဆိုမှုကို အင်ဒိုနီးရှားအစိုးရက လိုက်လျောပေးလိမ့်မယ်လို့ မျှော်လင့်တယ်ကြောင်း ပက်ကွီရိုက ပြောဆိုပါတယ်။ ဗလ်လိုဆိုဟာ ပြီးခဲ့တဲ့ ဧပြီလ တခြားနိုင်ငံခြားသား မူးယစ်တရားခံတွေနဲ့အတူ ကွပ်မျက်ခံရဖို့ ဖြစ်ပေမယ့် နောက်ဆုံးအချိန်မှကပ်ပြီး အယူခံဝင်နိုင်ခဲ့တာပါ။ သူ့ကို မူးယစ်ဆေးဝါးခိုးသွင်းဖို့ တခြားသူတွေရဲ့ စည်းရုံးသိမ်းသွင်းခံရတယ်လို့ သူ့ရဲ့ရှေ့နေတွေက ဆိုပါတယ်။ ဒါကို အထောက်အထားနဲ့တကွ ပြန်လျှောက်ထားခွင့်ပေးဖို့ အင်ဒိုသမ္မတ ၀ီဒိုဒိုကို မေတ္တာရပ်ခံတောင်းဆိုခဲ့တာပါ။ ပက်ကွီရိုဟာ ဇူလိုင် ၁၀ ရက်နေ့မှာ အင်ဒိုလွှတ်တော်အမတ်တွေနဲ့ တဆက်တည်း တွေ့ဆုံပြီး ဗလ်လိုဆိုရဲ့ သေဒဏ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါး အတင်းကျပ်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ အင်ဒိုသမ္မတ ၀ီဒိုဒိုဟာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုပဲ အလျော့မပေးဘဲ ပြတ်ပြတ်သားသား ကိုင်တွယ်သူဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချခံရတဲ့ နိုင်ငံခြားသားတွေက သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက သေဒဏ်ကို လျော့ပေါ့ပေးဖို့ မေတ္တာရပ်ခံတောင်းခံမှုတွေကို ဘယ်လိုတောင်းဆိုပေမယ့်လည်း လက်ခံစဉ်စားခြင်းမရှိပါဘူး။ အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ကို ၅ နှစ်ကြာရပ်ဆိုင်းပြီးနောက် အခုနှစ်အတွင်း ပြန်လည်ကျင့်သုံးခဲ့တာဖြစ်ပြီး မူးယစ်တရားခံ ၁၄ ဦးကို ကွပ်မျက်ခဲ့ပြီးဖြစ်ပါတယ်။ ကွပ်မျက်ခံရသူ အများစုဟာလည်’ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။
6 years Ago

May 6, 2015

မေ၀ယ်သာကို ဇနီးဟောင်းက တရားစွဲ

အမေရိကန် လက်ဝှေ့သမား ဖလော့ဒ်မေ၀ယ်သာကို နာမည်ဖျက် သိက္ခာချမှုနဲ့ ဇနီးဟောင်း ကလေး ၃ ယောက် အမေက လော့စ်အိန်ဂျယ်လိစ် ကောင်တီ တရားရုံးမှာ မေ ၅ ရက်က တရားစွဲဆိုလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် မူးယစ်ဆေးဝါးမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုအပေါ် မေ၀ယ်သာက လိမ်လည် ပြောဆိုခဲ့တယ်လို့ ရာဟု သတင်းနဲ့အရင်လက အင်တာဗျူးမှာ ဂျိုစီဟားရစ်က ပြောဆိုခဲ့ပြီး ဒေါ်လာ သန်း ၂၀ တောင်းခံထားတယ်လို့ ဒေးလီးမေလ်းသတင်းက ရေးပါတယ်။ ၂၀၁၀ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာ ဇနီးဟောင်းက ဆိုဖာပေါ် အိပ်နေစဉ် မေ၀ယ်သာက ထိုးရိုက် ကန်ကျောက်ခဲ့သလို ကလေးတွေရှေ့မှာ သူ့ကို ဒယဥ့်တိုက်ဆွဲသွားတယ်လို့ ဟာရစ်ကပြောပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးတဲ့နောက်မှာတော့ ဟာရစ်ကို ဆေးရုံပို့ခဲ့ရပြီး ဦးခေါင်း မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အငြင်းအခုံဖြစ်နေစဉ် မူးယစ်ဆေးဝါးသုံးထားတဲ့အတွက် ဟာရစ်ကို ထိန်းထားတာ ဖြစ်တယ်လို့ မေ၀ယ်သာက အင်တာဗျူးတခုမှာ ပြောဆိုခဲ့တဲ့ အပေါ် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ဟာရစ်ကတော့ သူက မူးယစ်ဆေးဝါးသုံးစွဲသူမဟုတ်ဘူးလို့ ပြောပါတယ်။ လတ်ဗွီးဂတ်စ် အိမ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ဟားရစ်ကို မေ၀ယ်သာက ထိုးခဲ့တဲ့ အတွက် ရဲက မေ၀ယ်သာကို ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီး ၁၄ လ အကြာမှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့တဲ့နောက်မှာတော့ ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရပါတယ်။
6 years Ago
More News
Up