ပတ်ကွီရို

May 9, 2015

ပတ်ကွီရို ပခုံးခွဲစိတ်မှု အောင်မြင်

ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုရဲ့ ညာဘက်ပခုံးခွဲစိတ်မှု အောင်မြင်တယ်လို့ ခွဲစိတ်ဆရာဝန်က ပြောပါတယ်။ မေ ၆ ရက်က အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ခွဲစိတ်တာဖြစ်ပြီး ပတ်ကွီရို အမြန် နာလန်ထူလာဖို့ မျှော်လင့်တယ်လို့ ခွဲစိတ် ဆရာဝန်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးပါတယ်။ ပတ်ကွီရိုဟာ မေ၀ယ်သာနဲ့ ထိုးသတ်ဖို့ လေ့ကျင်နေစဉ်မှာ ပခုံးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာကို ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ အတွက် နီဗာဒါးပြည်နယ် ပြေးခုန်းပစ်ကော်မရှင်ရဲ့ ဒဏ်ကြေးနဲ့ ပြစ်ဒဏ်ကို ပတ်ကွီရိုက ကျခံရဖို့ ရှိနေပါတယ်။ ဒါ့အပြင် လိမ်လည်တယ်လို့ ခံစားရတဲ့ လက်ဝှေ့ ပရိသတ်တွေရဲ့ တရားစွဲဆိုတာကို ပတ်ကွီရိုက ရင်ဆိုင်ရနိုင်တယ်လို့ သတင်းမှာရေးပါတယ်။
6 years Ago

May 3, 2015

ပတ်ကွီရိုနှင့် မေ၀ယ်သာ လက်ဝှေ့ပွဲ (သတင်းဓာတ်ပုံ)

ဖိလစ်ပိုင် လက်ဝှေ့သမား ပတ်ကွီရိုနဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာ တို့ရဲ့ ရာစုနှစ်အကောင်းဆုံး လက်ဝှေ့ပွဲကို ယှဉ်ပြိုင်ဖို့ အချိန်နီးကပ်လာပါပြီ။ လက်ရှိမှာတော့ သူတို့ ၂ ဦးပွဲမတိုင်မီ တခြားပွဲစဉ်တွေကို ထိုးသတ်နေပါတယ်။ ဒီအချိန်မှာ ပတ်ကွီရိုကလည်း အ၀တ်လှဲခန်းထဲကို ရောက်ရှိနေပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ (ဓာတ်ပုံ ပတ်ကွီရို ပရိသတ်များ ဖေ့ဘွတ်ခ်) [gallery ids="91427,91425,91426,91424"]
6 years Ago
More News
Up