ပညာရေးဝန်ထမ်းများ၏  လစာငွေများကို ပြန်ပေးလိုက်ပြီး အေအေပြော

March 26, 2020

နိုင်ငံတဝန်းက ပညာရေးဝန်ထမ်း ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ရန် ညွှန်ကြား

COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာလက်အောက်မှာရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီသီးက ပညာရေးမှူးရုံးတွေမှာ မတ်လ ၂၆ ရက်နေ့ကနေစပြီး ဝန်ထမ်းအင်အားရဲ့ ၅၀ ရာခိုင်နှုန်းသာ ရုံးတက်တာဝန်ထမ်းဖို့ ညွှန်ကြားထားတယ်လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။  ကျန်တဲ့ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကိုတော့ နေအိမ်တွေကနေ လုပ်ငန်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာရုံးတွေနဲ့ နေအိမ်မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို စည်းကမ်းချက်တွေနဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ တိတိကျကျလိုက်နာဖို့လည်း ညွှန်ကြားထားတယ်လို့ ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ပညာရေးဝန်ထမ်းတွေနေထိုင်ကြတဲ့ ဝန်ထမ်းအိမ်ရာတွေမှာ ဆွေမျိုးတွေ လာရောက်တည်းခိုမှုတွေကို တတ်နိုင်သလောက်လျော့ချဖို့နဲ့ လာရောက်မှုမရှိစေဖို့ကို ညွှန်ကြားထားပါတယ်။  ပညာရေးမှူးရုံးတွေမှာ ရုံးတက်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ကိုယ်အပူချိန်တိုင်းတာတွေ၊ လုပ်ဆောင်ပေးနေသလို လက်ဆေးဖို့နေရာတွေ စီမံပေးတာတွေ၊ လက်သန့်ဆေးရည်တွေနဲ့ နှာခေါင်းစည်းMaskတွေ ဖြန့်ဝေပေးဖို့ကိုလည်း ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အခြေခံပညာကဆရာ၊ ဆရာမတွေ လုပ်ဆောင်ရမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းတွေကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါတယ်။
1 year Ago

February 6, 2020

ပညာရေးဝန်ထမ်းများ၏  လစာငွေများကို ပြန်ပေးလိုက်ပြီး အေအေပြော 

ပညာရေးဝန်ထမ်းတွေရဲ့ လစာကိုမယူဘဲ ပြန်ပေးလိုက်ပြီလို့  ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ရက်နေ့က  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မောင်နှမရွာနားမှာ အေအေ အဖွဲ့ဝင်တွေက စက်လှေတစ်စီးကို စစ်ဆေးခဲ့ပြီး အဲဒီလှေပေါ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့ပိုင် ပိုက်ဆံ ကျပ် ၄၃ သိန်းကျော်ကို သိမ်းဆည်းပြီး  ဆရာမတွေရဲ့ လစာ ကျပ် သိန်း ၂၀ကိုတော့ ပြန်ပေးလိုက်တယ်လို့ ခိုင်သူခက ပြောပါတယ်။  "ရဲတပ်ဖွဲ့ပိုက်ဆံကိုတော့ ကျနော်တို့ သိမ်းဆည်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပိုက်ဆံဖြစ်နေလို့ သိမ်းလိုက်တာ။ လက်နက်ကိုင်ပတ်သက်ရင်တော့ သိမ်းသင့်ရင်သိမ်းမှာပဲ။ ဖျက်ဆီးသင့်ရင် ဖျက်ဆီးမှာပဲ"လို့ ခိုင်သုခက ပြောပါတယ်။ ပညာရေးဝန်ထမ်းတွေရဲ့ လစာကို  ပြန်ပေးလိုက်ပြီဆိုပေမယ့် ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာနဲ့ ကာယကံရှင်တွေလက်ထဲကို ငွေတွေပြန်ရောက်မရောက်တော့ မသိရသေးပါဘူး။  ထက်ဝေအောင်
1 year Ago
Up