ပဉ္စမအဆင့်

March 5, 2020

အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် မန်စီးတီးနှင့် လက်စတာနိုင်ပြီး စပါးရှုံးပွဲတွေ့

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေမှာ မန်စီးတီးနဲ့ လက်စတာ အနိုင်ရပြီး စပါးအသင်းကရှုံးသွားပါတယ်။ မန်စီးတီးက အဝေးကွင်းမှာ တိုက်စစ်မှူး အက်ဂွဲရိုသွင်းတဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရသွားတာပါ။  လက်စတာစီးတီးကတော့ အိမ်ကွင်းမှာ ဘာမင်ဂမ် စီးတီးအသင်းကို ပွဲပြီးခါနီး ၈၂ မိနစ်မှာ သွင်းတဲ့ တလုံးတည်းသော ဂိုးနဲ့ပဲ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကတော့ အိမ်ကွင်းမှာ နော်ဝစ်အသင်းနဲ့ တဂိုးစီ သရေကျခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ နော်ဝစ်က ၃ ဂိုး ၂ဂိုးနဲ့ စပါးကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
1 year Ago

March 4, 2020

အက်ဖ်အေဖလား ပဉ္စမအဆင့်တွင်  ချဲလ်ဆီးက လီဗာပူးကို ၂ ဂိုးပြတ်အနိုင်ရ (ရုပ်သံ) 

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ချဲလ်ဆီးက ၂ ဂိုးပြတ်နဲ့ လီဗာပူးကို အနိုင်ရသွားပါတယ်။  ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ဝီလျံနဲ့ ဘာကလေတို့က သွင်းယူပေးခဲ့တာပါ။  လီဗာပူးဟာ ဒီပွဲမှာ ကစားသမား အပြောင်းအလဲတွေ လုပ်ပြီး ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်းမှာ အဓိက ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားပေမယ့် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်သွားတာပါ။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။  လီဗာပူးအတွက်တော့ ဒီရာသီမှာ ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ကြုံရပြီး  အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်သွားရကာ အခုနှစ် ဖလားနှစ်လုံးရယူဖို့ အိပ်မက်လည်း ပျက်သွားခဲ့ပါတယ်။
1 year Ago
Up