ပစ်ခတ်သတ်ဖြတ်မှု

April 6, 2021

ဧရာဝတီတိုင်းတွင် ရဲနှင့် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၉ ဦး အထိရှိ

ဧရာဝတီတိုင်းဒေသကြီးမှာ စစ်တပ်နဲ့ ရဲတွေရဲ့  အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဧပြီ ၆ ရက်နေ့အထိ သေဆုံးသူ ၉ ဦးအထိရှိလာပြီလို့ သိရပါတယ်။

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်လာကြောင်း သိရှိရပါတယ်။

စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ပုသိမ်မြို့မှာ သေဆုံးသူ ၈ ဦးရှိပြီး ဖျာပုံမြို့မှာ ၁ ဦး သေဆုံးခဲ့ကြောင့် စုံးစမ်းသိရှိရပါတယ်။ သေဆုံးသူတွေမှာ ကလေးငယ်တွေ ပါဝင်ကြောင်းသိရှိရပါတယ်။

ပုသိမ်မြို့မှာ  မတ်လ ၂၇ ရက်နေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့  အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦးနဲ့ အများဆုံး ကျဆုံးခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။

ပုသိမ်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေက  လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေ စစ်ဆေးတာ ညဘက်မှာ  လမ်းတွေထဲဝင်ရောက်  ပစ်ခတ်မှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

1 month Ago

March 16, 2021

သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တွင် စစ်တပ်နှင့်ရဲ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်သဖြင့် ၅ ဦးကျဆုံး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်နှစ်ခု ထိစပ်နေရာ ကျေးရွာတွေမှာ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းကစပြီး စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် လူ ၅ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းက ချောင်းကြီးကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရင်ဘက်ကျည်ထိကာ ကျဆုံးခဲ့ပြီး အဆိုပါကျေးရွာက ကလေးငယ်တစ်ဦး လည်း လက်ကို ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ကားလမ်းတလျှောက် ရွှေ့လျားသွားတဲ့ စစ်သားတွေပါတဲ့ကားပေါ်ကနေ ပစ်ခတ်သွားတာကြောင့် ကျောက်ဖြူကျေးရွာအနီးမှာ ဒေသခံသုံးဦး ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူနှစ်ဦးကို သပိတ်ကျင်းမြို့နယ် ကုတင်၁၀၀ စစ်ဆေးရုံမှာ ခေါ်ယူကုသပေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ကားလမ်းတလျှောက် စဉ့်ကူးမြို့နယ်အတွင်း ပစ်ခတ်ခဲ့တာတွေကြောင့် ကျည်တောက်ပေါက် ကျေးရွာက နှစ်ဦးကျဆုံးခဲ့ပြီး ရှစ်ဦး လောက် ဒဏ်ရာရရှိခဲ့သလို နွယ်ရုံကျေးရွာက တစ်ဦးနဲ့ ကံပျိုကျေးရွာမှာလည်း တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကျေးရွာတွေမှာလည်း ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကျေးရွာတွေကို စစ်တပ်က ထပ်မံသွားရောက်နေပြီး တပ်စွဲထားတာတွေရှိနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

2 months Ago
More News
Up