ပင်နယ်တီ

July 2, 2019

ပင်နယ်တီလွဲခဲ့သည့် ကိုလံဘီယာကစားသမား အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

ချီလီနဲ့ပွဲမှာ အဆုံးအဖြတ် ပင်နယ်တီလွဲခဲ့တဲ့ ကိုလံဘီယာ ကစားသမားတဦးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။  ကိုလံဘီယာအသင်းဟာ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။  ပင်နယ်တီအဆုံးအဖြတ်မှာ ကိုလံဘီယာ နောက်ခံလူ ၀ီလီယံတက်စီလို ကန်သွင်းတဲ့ ပင်နယ်တီမ၀င်ခဲ့တာကြောင့် ၅ ဂိုး ၄ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ နောက်ခံလူ တက်စီလိုဟာ သူ့ရဲ့ပင်နယ်တီ လွဲချော်မူကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့တဲ့ အတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ရင် ဆိုင်နေရကြောင်း ၀န်ခံပြောကြားခဲ့ပြီး အင်စတာဂရမ်ကနေတဆင့် သူ့ရဲ့ဇနီးဖြစ်သူ ဒယ်နီလာမီဂျီယာဆီကို အသက်အန္တရယ် ခြိမ်း ခြောက်တဲ့စာတွေ ပေးပို့ခဲ့တာလို့ဆိုပါတယ်။  ဒါကြောင့် သူ့ရဲ့ဇနီး Account ကိုပါ ဖျက်သိမ်းခဲ့ရပြီး နောက်ခံလူ တက်စီလိုဆီကိုလည်း ခြိမ်းခြောက်စာတွေ ထပ်ပြီး ပို့ခဲ့လို့ ဆုတောင်းနေရုံပဲရှိတယ်လို့ တက်စီလိုက ၀န်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးမှာ အနိုင်အရှုံးရှိတာကိုတော့ စဉ်းစားပေးကြဖို့လည်း တယ်စီလိုက မေတ္တာရပ်ခံသွားခဲ့ပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ကိုလံဘီယာအသင်းက အမေရိကန် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ကာပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ကိုယ့်ဂိုးကို သွင်းခဲ့တဲ့ နောက်ခံလူ အက်စ်ကိုဘာဟာ ၅ ရက်အကြာမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဖူးပါတယ်။
2 years Ago

March 3, 2019

ပင်နယ်တီမ၀င်သည့် အူဘာမီယန်းကို အာဆင်နယ်ပရိသတ်များ အပြင်းအထန် ဝေဖန်

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်းဟာ စပါးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် အသင်းရဲ့ ပရိသတ်အများစုက အပြင်းအထန်ဝေဖန်နေကြပါတယ်။ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ စပါးကို အနိုင်ယူပြီး ၃ မှတ်ရရှိနိုင်မယ့် အခွင့်အရေးကောင်းကို ရရှိခဲ့ပေမယ့် အဆိုပါဂါဘွန်းတိုက်စစ်မှူးက ဖြန်းတီးပစ်ခဲ့တယ်လို့ အသင်းပရိသတ်တွေက ဒေါသထွက်နေကြတာပါ။ ပွဲကစားချိန် မိနစ် ၉၀ မှာ စပါးနောက်ခံလူ ဆန်းချက်ဇ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို အူဘာမီယန်း ကန်သွင်းခဲ့ပေမယ့် ကန်ချက်ဟာပျော့ခဲ့လို့ စပါးဂိုးသမား လိုရစ်က ပုတ်ထုတ်နိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ရမ်ဆေးရဲ့ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် စပါးတို့ ပင်နယ်တီရရှိခဲ့တာကို ဟယ်ရီကိန်းက အမှားအယွင်းမရှိကန်သွင်းပြီး တဖက်တဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်းဟာ တိုက်စစ်မှူးတဦးအနေနဲ့ အဆိုးရွားဆုံး ပင်နယ်တီကန်သွင်းတဲ့ ပုံစံဖြစ်တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး အရေးပါတဲ့ ပွဲစဉ်ဖြစ်ပေမယ့် အခွင့်ရေးကို အရယူမပေးနိုင်ခဲ့တဲ့ အူဘာမီယန်းကို ပရိသတ်တွေက ယုံကြည်မှုလျော့နည်းနေပြီလို့ သိရပါတယ်။
2 years Ago
Up