ပခုက္ကူမြို့

December 18, 2022

ပခုက္ကူမြို့တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားအချို့ တိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ ပခုက္ကူတက္ကသိုလ်နဲ့ ချောက်ကန်ကျေးရွာအနီးက ယောင်းမစွန်ဆီဆိုင်အနီးမှာ  စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတချို့ကို ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့ခင်း ၁ နာရီခွဲလောက်  တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး၊ ကား ၁ စီးနဲ့သေ နတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ Earthquake Peoples Defense Force က ပြောပါတယ်။

ပခုက္ကူမြို့တွင်းမှာ အစစ်ဆေးတင်းကြပ်နေတဲ့ကြားကနေ စစ်ဆေးရေးလုပ်နေတဲ့ စစ်သား ၄ ဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ၃ ဦး နေရာတင်သေဆုံးခဲ့တာလို့ သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ 

"သူတို့ခါတိုင်း စစ်ဆေးတာက ၁၀ ယောက်လောက်ရှိတယ်၊ ဒီနေ့ သူတို့လာတာ ၄ ယောက်ပဲ၊ ပါလာတဲ့ သေနတ်က သုံးလက်။ ကျနော်တို့ဝင်ပစ်တော့ ၃ ယောက်က နေရာတင်သေတယ်၊ ၁ ယောက်က ကျည်တဘောက်စာလောက် ပြန်ပစ်သေးတယ်၊ သွေးအိုင်ထဲမှာ ကျန်ခဲ့တယ်။"  

စစ်ကောင်စီတပ်ဆီက ကား ၁ စီး၊ (MA 3) ၁ လက်၊ အူစီ ၁ လက်၊ G3 ကျည် ၅၀၀၊ G3 ကျည်ဘောက် ၂ ခု၊ လက်ထိတ်၊ ဆက်ကြေးကောက်ခံတဲ့စာအုပ်၊ မှတ်ပုံတင်၊ ဖိ နပ်၊ ဦးထုပ်၊ ဖုန်း ၂ လုံး နဲ့ ငွေသား ၃ သိန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့အာဏာကို မတရားအာဏာသိမ်းယူပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို Earthquake People's Defence Force  အနေနဲ့ အစွမ်းကုန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း၊ အခက်အခဲကြားက ကူညီပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ကိုပိန်က ပြောပါတယ်။

2 months Ago

December 9, 2022

ပခုက္ကူတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အရာရှိ ၂ ယောက် အပါအဝင် ၄ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ပခုက္ကူ-PDF က ဒီဇင်ဘာ ၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့နယ် ကမ္မ-မြစ်ခြေ ကားလမ်း ကျပ်ထိုးရဲစခန်းနားမှာ ဒီဇင်ဘာ ၅ ရက် မနက်က ကားတစီး၊ ဆိုင်ကယ် ၆ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မြစ်ခြေ-ကျွန်းချောင်း PDF နဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားမောင်းမရတော့ဘဲ ရပ်တန့်သွားတယ်လို့ ပခုက္ကူ-PDF ပြန်ကြားရေးတာဝန်ခံ အတီးက ဒီဗွီဘီကို ပြောပါတယ်။

“မိုင်းပေါက်ကွဲပြီးတဲ့နောက် စစ်(...)၊ ပျူ(...) တွေဟာ သွေးရူးသွေးတန်းနဲ့ ထွက်ပြေးသွားတာကြောင့် အဲဒီကားကို ကျနော်တို့ရဲဘော်တွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အတွင်းသတင်း ရတာကတော့ စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် အပါအဝင် ၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ အဲဒီဖြစ်စဥ်ကြောင့် စစ်(...)တွေဘက်က ကမ္မ-မြစ်ခြေ ကားလမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ပြုလုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။”

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 months Ago
More News
Up