ပက်ကွီရို

August 25, 2015

မေ၀ယ်သာ၊ ပက်ကွီယိုတို့နှင့် ယှဉ်ပြိုင်ရန် ချိတ်ဆက်နေကြောင်း အေမာခန် ပြော

ဗြိတိသျှလက်ဝှေ့ကျော် အေမာခန် က မေ၀ယ်သာ၊ ပက်ကွီရိုတို့နဲ့ ယှဉ်ပြိုင်ဖို့အတွက် ပွဲစီစဉ်သူတွေက ချိတ်ဆက်နေတဲ့အကြောင်း ပါကစ္စတန်ခရီးစဉ်မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ဒါမှမဟုတ်လည်း လာမယ့်နှစ် ဖေဖော်ဝါရီလောက်ကျရင် ယူအေအီး ဒါမှမဟုတ် အမေရိကန်မြေပေါ်မှာ ထိုးဖြစ်ဖို့ များတယ်လို့ ပြောပါတယ်။ ပါကစ္စတန်မှာလည်း လာမယ့်နှစ်ကျရင် လက်ဝှေ့သင်တန်းကျောင်းတခု အစောဆုံး ဖွင့်လှစ်နိုင်တော့မှာဖြစ်လို့ လက်ဝှေ့ကလပ်တွေ အမြောက်အမြား ပေါ်ပေါက်လာပြီး ၂ နှစ်လောက်အတွင်းမှာ နာမည်ကြီး ဆုတံဆိပ်တွေကို ပါကစ္စတန်က ဆွတ်ခူးနိုင်တော့မယ်လို့ အားပေးစကား ပြောပါတယ်။ ခန်ဟာ WBC Silver Welterweight ချန်ပီယံ ဖြစ်သလို ကမ္ဘာ့အဆင့် ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။
6 years Ago

July 8, 2015

မေ၀ဲသာ ၏ ၀ယ်လ်တာဝိတ်တန်း ချန်ပီယံခါးပတ်ဆု ဒဗလျူ ဘီအို ပြန်သိမ်း

လက်ဝှေ့အကျော်အမော် မေ၀ဲသာဟာ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (ဒဗလျူ ဘီအို) က သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာတဲ့အတွက် ၀ယ်လ်တာဝိတ်တန်း ချန်ပီယံ ခါးပတ်ဆုကို လက်လွှတ်လိုက်ရပါတယ်။ မေ၀ဲသာဟာ ၀ယ်လ်တာဝိတ်တန်း ချန်ပီယံခါးပတ်ကို ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကွီရိုနဲ့ ထိုးတဲ့ပွဲမှာ ရခဲ့တာပါ။ ဒါပေမယ့် အဲဒီပွဲမှာ ထိုးကြေး ဒေါ်လာ ၂ သိန်း ပေးဆောင်ဖို့ သတ်မှတ်တဲ့ရက် ကျော်လွန်ခဲ့တာကြောင့် ချန်ပီယံခါးပတ်ဆုကို ရုပ်သိမ်းလိုက်တာဖြစ်ကြောင်း ဒဗလျူ ဘီအိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မေ၀ဲသာဟာ ၀ယ်လ်တာဝိတ်နဲ့ ဆူပါဝယ်လ်တာဝိတ် ချန်ပီယံခါးပတ်တွေကို တပြိုင်တည်း ပိုင်ဆိုင်ထားပြီး လက်ဝှေ့ စည်းမျဉ်းတွေအရ ၀ိတ်တန်းတတန်းမှာပဲ ချန်ပီယံ ရယူခွင့် ရှိတာကို  အကြောင်းကြားပေမယ့်  အကြောင်းမပြန်လို့ ဒဗလျူ ဘီအိုက ချန်ပီယံခါးပတ် ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် မေ၀ဲသာဟာ ပက်ကွီရိုနဲ့ ထိုးသတ်တဲ့ပွဲမှာ ထိုးကြေး အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်အထိ ရခဲ့ပါတယ်။
6 years Ago
Up