နွေဦးတော်လှန်ရေး

May 5, 2021

ဖားကန့်တွင် သေနတ်မှန်ကျဆုံးခဲ့သည့် ကိုဝေဖြိုး၏ အရိုးပြာကို ဂူသွင်းသင်္ဂြိုဟ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုဝေဖြိုးရဲ့ အရိုးပြာကို ဒီကနေ့ မေလ ၅ ရက်နေ့က ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

မေလ ၂ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လုံးခင်း၊ မှော်ဝမ်းသပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ရဲက အကြမ်းဖက်  ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ  ကိုဝေဖြိုး ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုဝေဖြိုး ရုပ်ကလာပ်ကို  မေလ ၃ ရက်နေ့က မီးသင်္ဂြိုဟ်ခဲ့ပြီး  ဒီကနေ့မှာ လူထောင်ချီပို့ဆောင်ကာ အရိုးပြာအိုးကို ဂူသွင်းခဲ့တာဖြစ်ပါတယ်။

Photo-CJ

2 days Ago

အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၇၇၀ နီးပါး၊ ဖမ်းဆီးခံရသူ ၃၆၀၀ ကျော်ရှိ လာ

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှုကာလ ၃ လကျော်အကြာ စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့်  ကျဆုံးပြည်သူပေါင်း ၇၆၉ ယောက်ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၄ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၆၇၇ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၈၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၁၄၃၈ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၄ ရက်နေ့မှာလည်း ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် မြန်မာပြည်အနှံ့က  ပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အထူးသဖြင့် ကျောင်းသားလူငယ်တွေက စစ်ကျွန်ပညာရေးကို ကန့်ကွက်တဲ့အနေနဲ့ “ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ နေ့ညမရွေး ပြည်သူတွေအပေါ် ပစ်ခတ်ဖြိုခွင်းနေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေအောက်မှာသာ ဆက်ရှိနေတယ်လို့ အေအေပီပီက ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းက ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အမျိုးမျိုးသော အကြမ်းဖက်မှု တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်ခံစားနေကြရပေမယ့် လျစ်လျူရှုခြင်း ခံနေကြရဆဲဖြစ်ပြီး အထူးသဖြင့် ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခုထက်ပို ဖိအားပေး လုပ်ဆောင်ဖို့ လိုအပ်တဲ့အပြင် နိုင်ငံတကာကလည်း ပိုပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးရင် ပြည်သူတွေ အခုထက်ပိုပြီး ကျဆုံး ထိခိုက်မှုတွေ ရှိလာရုံသာမက အဘက်ဘက်က ပြင်းထန်တဲ့ ဖိနှိပ်ခြိမ်းခြောက်မှုတွေကို ဆက်လက်ခံစားနေကြရမှာဖြစ်ကြောင်းလည်း အေအေပီပီက ပြောပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

2 days Ago

May 2, 2021

မိတ္ထီလာမြို့ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့သပိတ်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မေ ၂ ရက်မနက်က သပိတ်စစ်ကြောင်းတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့  အတားအဆီးတွေကြားကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ မိတ္ထီလာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်၊ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဗကသများ အဖွဲ့ချုပ်တို့ ဦးဆောင်ပြီး ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။

5 days Ago

သာကေတတွင် အကြမ်းဖက်စစ်တပ်က လူငယ်များကို လိုက်လံဖမ်းဆီး

ရန်ကုန် သာကေတမြို့နယ် ထူပါရုံလမ်းမပေါ်မှာ မေလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က  အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက လူငယ်တချို့ကို ဖမ်းဆီးသွားပါတယ်။

လတ်တလော လူငယ် ဘယ်နှယောက် ဖမ်းဆီးခံရတယ်ဆိုတာကို အတိအကျမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီနေ့ မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့မှာ  ရန်ကုန် သာကေတမြို့နယ် အပါအဝင် နေရာတော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Photo - CJ

5 days Ago

ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ မြန်မာနှင့်ဂျပန် ၃၀၀၀ ခန့် ဆန္ဒပြ

မေ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီနေ့ကျင်းပခဲ့ပြီး တိုကျိုမြို့မှာလည်း မြန်မာလူငယ်တွေ ဦးဆောင်ကျင်းပခဲ့ပါတယ်။

တိုကျိုပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ စုစုပေါင်း ၃၀၀၀ လောက် တိုကျိုမြို့ ဂင်ဇာအနီးမှာ ၂ နာရီ နီးပါး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူ့အစိုးရအသစ် အမျိုးသားညီညွတ်ရေးအစိုး (NUG) ကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုရေးနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ပြုတ်ကျရေး အတွက် အခုလို ဟန်ချက်ညီညီပြည်တွင်းပြည်ပဆန္ဒထုတ်ဖော်ကြတာလို့လည်း တိုကျိုပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ မဆွေဆက်အေးက ဒီဗွီဘီကို ပြောပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ မြန်မာတွေအနေနဲ့ ဘယ်နိုင်ငံအရပ်ဒေသမှာ ရောက်နေပါစေ တစ်သွေးတည်းတစ်သားတည်းရှိကြောင်း ပြသချင်လို့နဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုချင်လို့ အခုလိုအင်္ကျီအနက်အရောင်တွေ ဆင်တူဝတ်ဆင်ပြီး ပါဝင်တာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရန်ပိုင်ဦးက ပြောပါတယ်။

ချီတက်ပွဲကို လာရောက်တဲ့ ဂျပန်အထက်လွှတ်အမတ် မစ္စတာအီရှိဘရှိကလည်း သူအနေ့နဲ့ ဂျပန်အစိုးရက NGU အစိုးရကို အသိအမှတ်ပြုဆက်ဆံလာအောင် လွှတ်တော်မှတဆင့် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

5 days Ago
More News
Up