နောင်ပင်ကျေးရွာ

October 23, 2021

ကိုဗစ်ကာကွယ်ဆေး သွားထိုးမည့်သူများ စီးနင်းလာသည့်သုံးဘီးယာဉ် ချောက်ထဲကျ၊ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ အောက်တိုဘာ ၂၃ မနက်ပိုင်းက နောင်ပင်ကျေးရွာသားတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့  မြို့ပေါ်ကို  သုံးဘီးယာဉ်နဲ့  တက်လာစဉ် လမ်းမှာ ချောက်ထဲ ပြုတ်ကျခဲ့လို့   နှစ်ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကသာမြို့ပေါ်ကို တက်လာတဲ့ သုံးဘီးယာဉ်ဟာ ရွှေပြည်သာကျေးရွာနားမှာ ချောက်ထဲပြုတ်ကျခဲ့တာလို့ ရွှေပြည်သစ်ကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။

“ကသာမှာ ကိုဗစ်ဆေးထိုးဖို့ တက်လာကြတာ။ ရွှေပြည်သစ်ရွာနားက ချောက်ထဲထိုးကျပြီး တယောက်က ပွဲချင်းပြီး သေတယ်။ နောက်တယောက်က  ဆေးရုံးသွားရင်း လမ်းမှာဆုံးတယ်။ ၈ ယောက်လောက်ရှိမယ် ဒဏ်ရာရတာ” လို့ လူမှုရေးကူညီလုပ်ဆောင်ပေးသူ ဒေသခံက ပြောပါတယ်။

သုံးဘီးယာဉ် ချောက်ထဲ ပြုတ်ကျခဲ့တဲ့အတွက် ဒဏ်ရာရှိသူတွေကတော့  ကသာပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

3 months Ago
Up