နေအိမ် ၅၅၀

January 15, 2021

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဒုက္ခသည်စခန်းတွင် မီးလောင်၊ နေအိမ် ၅၅၀ ကျော် ပျက်စီးဆုံးရှုံး

ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းက မီးအကြီးအကျယ်လောင်ခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့  ကုလသမဂ္ဂက ပြောပါတယ်။ လူပေါင်း ၃,၅၀၀ လောက် နေထိုင်တဲ့ နေအိမ်ပေါင်း ၅၅၀ ကျော်ဟာ လုံး၀ ဒါမှမဟုတ် တစိတ်တပိုင်း မီးလောင်ခဲ့ပြီး NGO အဖွဲ့တွေရဲ့ ဈေးဆိုင် ၁၅၀ လောက်နဲ့ အဆောက်အဦ တခုလည်း  ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)က ဆိုပါတယ်။  မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရတဲ့ သတင်းကို မသိရပါဘူး။  ကော့ဘဇားဒုက္ခသည်စခန်းက နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေကို နေစရာ၊ ဆောင်းရာသီ အဝတ်အထည်၊ အစားအစာနဲ့ ဆေးဝါး ပံ့ပိုးနေတယ်လို့ UNHCR က ပြောဆိုပါတယ်။  ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းမှာ နေရပ်စွန့်ခွာ ဒုက္ခသည်ပေါင်း ၁ သန်းကျော် နေထိုင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 months Ago
Up