နေအိမ်များ ဖျက်ဆီး

August 3, 2021

စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ပူးပေါင်းပြီး ဝန်ခြုံးရွာက နေအိမ်များကို ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဝန်ခြုံးရွာက နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို သြဂုတ်လ ၂ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး မွှေနှောက်ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဝန်ချုံးရွာ နေအိမ် ၃၀ ကျော်နဲ့ စျေးဆိုင်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားတာလို့ ရွာခံတစ်ယောက်က ပြောပါတယ်။

“ကျနော်တို့ ဝန်ခြုံးရွာထဲကို ညနေပိုင်းလောက်က စစ်ကောင်စီနဲ့ ​ပျူစောထီးအဖွဲ့တွေ ဝင်ပြီးတော့ နေအိမ်၊ စျေးဆိုင်တံခါးတွေ၊ TV၊ စလောင်း၊ ပန်ကာတွေနဲ့ ဝရန်တာတခုလုံး ရစရာမရှိအောင် ဖျက်ဆီးသွားတယ်။ နောက်ပြီးတော့ အိမ်မှာ မွေးမြူထားတဲ့ ကြက်တွေကိုလည်း ဖမ်းယူသွားတယ်။”

ဝန်းခြုံရွာမှာ PPDF တပ်ဖွဲ့နဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တာမျိုးမရှိပေမယ့် ရွာထဲကနေ ပျူစောထီးအဖွဲ့ဝင် ၁၅ ယောက်လောက်က စစ်ဘေးရှောင်ပြည်သူတွေ ရှိနိုင်တဲ့ နေရာတွေကို သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ပေါက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဝန်ခြုံးရွာထဲက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် PPDF တပ်ဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

2 months Ago
Up