နေအိမ်မီးလောင်မှု

May 2, 2021

သာစည်တွင် နေအိမ်မီးလောင်၊ အငြိမ်းစားဝန်ထမ်း ၁ ဦး သေဆုံး

မန္တလေးတိုင်း သာစည်မြို့ အမှတ် ၇ ရပ်ကွက် အာရဘီစာသင်ကျောင်းအနီး နေအိမ်တစ်လုံး  မေ ၁ ရက်က မီးလောင်ခဲ့ရာ အငြိမ်းစားမီရထားဝန်ထမ်း ၁ ဦး မီးလောင် သေဆုံးခဲ့ပါတယ်။

မီးလောင် သေဆုံးခဲ့တဲ့   အသက် ၇၀ ကျော်အရွယ် မီးရထားစက်ခေါင်း ဝန်ထမ်းဟာ အဲဒီအိမ်မှာ တစ်ဦးတည်းနေထိုင်သူ ဖြစ်ပါတယ်။

အငြိမ်းစားဝန်ထမ်းနေတဲ့အိမ်ဟာ ညအချိန် မီးလောင်ခဲ့တာဖြစ်ပြီး ခြင်ဆေးခွေက မီးစတင်လောင်တယ်၊  လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ရာက မီးလောင်တယ်ဆိုတဲ့ ထင်ကြေးနဲ့ အမျိုးမျိုး ပြောဆိုနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

2 months Ago

January 4, 2021

မြင်းမူမြို့နယ်တွင် နေအိမ်မီးလောင်၊ ကလေးငယ်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဆပ်ပြာကျေးရွာမှာ  ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက လူနေအိမ်မီးလောင်ရာကနေ ကလေးနှစ်ဦး ပိတ်မိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၅ နှစ်အရွယ်ကလေး ၂ ဦးဟာ နွားစာတိုက်ထဲ ဝင်ရောက်ပြီး မီးဆော့ကစားရာကနေ ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မြင်းမူမြို့နယ် မီးသတ်ဒုဦးစီးမှုး ဦးငြိမ်းချမ်းအောင်က "နွားစာတိုက်ဆိုတာ လောင်စာလိုဖြစ်နေတာကိုး။ အဲဒီထဲဝင်ပြီး ကလေးတွေက ခေါင်ဘက်ပေါ် မီးသွားဆော့တာ။ မီးလောင်တော့ ကလေးတွေက ကြောက်ကြောက်နဲ့ အိမ်ထဲဝင်ပြေးပြီး ခုတင်အောက် စောင်ပတ်ပြီးပုန်းနေတယ်။ အိမ်ကိုပါ ကူးစက်လာတော့ ပြေးစရာထွက်ပေါက်မရှိ ဖြစ်သွားရာကနေ သေဆုံးသွားတာပါ။"  သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အိမ်ရှင်ရဲ့ သားဖြစ်သူ မောင်ဉာဏ်လင်းအောင်နဲ့ တူဖြစ်သူ မောင်တေဇာပိုတို့ ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ထန်းလျက်မိုးကပ်ကာ လူနေအိမ် ၁ လုံးနဲ့ နွားစာတိုက် ၁ လုံး လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၄၃၂,၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။ မီးလောင်မှုကိုတော့ အရန်မီးသတ်ရေယာဉ် ၁ စင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးအပါဝင် ကျေးရွာဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ အခုလို မီးလောင်ကျွမ်းပြီး လူသေဆုံးမှုနဲ့ ပတ်သက်လို့ မြင်းမူမြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ သတင်း - ရန်နိုင်စိုး
5 months Ago
More News
Up