နုတ်ထွက်

March 12, 2021

ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ထပ်မံနုတ်ထွက်

ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူး နုတ်ထွက်သွားလို့ တာဝန်တွေယူခဲ့ရတဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စောမြခိုင်ဟာ မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်ဟာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

မိသားစုရဲ့ ကျန်းမာရေးအခြေအနေအရ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ အခက်အခဲရှိလို့ ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာ သန်းထွန်းအောင်ဟာ သူရဲ့တာဝန်တွေကို လက်ထောက်ညွှန်ကြားရေးမှူးဖြစ်တဲ့  ဒေါက်တာ စောမြခိုင်ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။

ဒေါက်တာ စောမြခိုင်ရဲ့ နုတ်ထွက်စာထဲမှာတော့ တာဝန်ထမ်းဆောင်ဖို့အတွက် အဘက်ဘက်က အခက်အခဲ ရှိနေတဲ့အတွက် ရာထူးကနေ နုတ်ထွက်ခွင့် ပြုဖို့ တင်ပြထားတာကို တွေ့ရပါတယ်။

ဒါဟာ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ တိုင်းအဆင့်အကြီးအကဲ အရာရှိ ၂ ဦး တနေ့တည်း နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

2 months Ago

January 24, 2021

ကိုဗစ်ကြောင့် တရုတ်ကလပ်ဒါလီယန်မှ နည်းပြဘင်နီတက်ဇ် နုတ်ထွက်

စပိန်နည်းပြ ရာဖေးဘင်နီတက်ဇ်ဟာ ကိုဗစ်-၁၉ အခြေအနေကြောင့် တရုတ်ကလပ် ဒါလီယန်အသင်းကနေ နုတ်ထွက်သွားပါတယ်။  လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်ဟာ ၂၀၁၉ ခုနှစ်က နယူးကာဆယ်ကနေ တရုတ်ကလပ် ဒါလီယန်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။  ဘင်နီတက်ဇ်ဟာ တစ်နှစ်လုပ်ခ ဒေါ်လာ ၁၆ သန်းခန့်ရရှိနေပေမယ့် ကိုဗစ်-၁၉ အခြေအနေမှာ ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်နိုင်ခြင်းမရှိတဲ့အတွက် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက် တာလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ကံမကောင်းစွာနဲ့ ဒီနှစ်ပိုင်းမှာ ကိုဗစ်-၁၉ က ဖြစ်လာတော့  ကျနော်တို့ရဲ့နေထိုင်မှုတွေနဲ့  စီမံကိန်းတွေလည်း ပြောင်းလဲခဲ့ရတယ်။ ကပ်ရောဂါက ဒီမှာရှိနေပါသေးတယ်။ ကျနော်တို့အားလုံးအတွက် ကျနော်တို့ မိသားစုအတွက်က အဓိကဦးစားပေးဖြစ်တဲ့အတွက် ဒီအချက်က နုတ်ထွက်ဖို့ဆုံးဖြတ်ဖြစ်ခဲ့တာပါ” လို့ ဘင်နီတက်ဇ်က ပြောပါတယ်။  နုတ် ထွက်ခဲ့ပေမယ့် အသင်းတည်ဆောက်ပုံနဲ့ နည်းပညာတွေကို ချန်ထားခဲ့တဲ့အတွက် ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဘင်နီတက်ဇ်က ပြောပါတယ်။ 
4 months Ago
More News
Up