နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သီလဝါစက်မှုဇုန်ရှိ စက်ရုံများကိုသွားရောက်ကြည့်ရှု (ဓာတ်ပုံ)

November 17, 2020

စတုတ္ထအကြိမ် ထောက်ပံ့ကြေးမရသူများ တိုင်ကြားနိုင်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော  

အခြေခံလူတန်းစားတွေအတွက် အစိုးရက  စတုတ္ထအကြိမ် ထောက်ပံ့ကြေးတွေပေးရာမှာ ကျန်နေခဲ့သူတွေအတွက် တိုင်ကြားနိုင်တဲ့ဌာနကို စတင်ဖွင့်လှစ်ထားပြီး ထောက်ပံ့ကြေး မရရှိသူတွေ တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ညက နိုင်ငံပိုင် ရုပ်သံကနေ ပြည်သူကို  မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောဆိုသွားတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခု စတုတ္ထအကြိမ်မှာ တချို့နေရာတွေမှာ လူစုလူဝေးလုပ်ပြီးတော့ နည်းနည်းဆူပူတာတွေဖြစ်လာတယ်ဆိုတာ လည်း ကျမတို့တွေ့ရပါတယ်။ ဒါတွေဟာလည်း မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှချန်ခဲ့ဖို့မရှိပါဘူး။ ဘယ်သူ့ကိုမှလည်း ချန်ခဲ့မှာမဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ကျန်ခဲ့တယ်ဆိုရင် တိုင်ကြားနိုင်တဲ့ဌာနကို စပြီးတော့ဖွင့်ပါပြီ။ အဲဒီတော့ တိုင်ကြားနိုင်ပါတယ်။ ကိုယ့်မိသားစု ကျန်ခဲ့ တယ်ဆိုရင်။ တစ်ယောက်တည်းသမားမလို့ ကိုယ့်ရပိုင်ခွင့်ကို မရဘူးဆိုရင် တိုင်လို့ရပါတယ်။ အဲဒီတော့ အေးအေး ဆေးဆေးနဲ့တိုင်စာဌာနမှာတိုင်ကြပါ။ အခြေအနေဘယ်လို ဖြစ်တာလဲဆိုတာကို ပြောကြပါ။ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ ကိုမှ ကျမတို့ထားခဲ့မှာမဟုတ်ပါဘူး။ အကယ်၍ ကျန်ခဲ့ရင်လည်း ပြန်ပြီးတော့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့  ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့ရှိ   ရပ်ကျေးတွေမှာ  အစိုးရကပေးတဲ့ စတုတ္ထကြိမ် ထောက်ပံ့ငွေတွေ အပြည့်မရတဲ့ ဒေသခံတချို့က လူစုလူဝေးနဲ့ ရပ်ကွက်ရုံးမှာ သွားရောက်တောင်းဆိုတာတွေ ရှိခဲ့တာဖြစ်ပါတယ်။ ထောက်ပံ့ကြေး မရရှိသူတွေ တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောကြားထားသလို ဒီလိုမပြေလည်မှုတွေနဲ့ ပတ်သက်လို့ဖြေရှင်းရေး ဌာနတွေ ဖွင့်လှစ်ဖို့အပါအဝင် ဖြေရှင်းရမယ့်နည်းလမ်းတွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြောပါတယ်။ ကိုဗစ်ကာလပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား၊ ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရရဲ့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့မှုမှာ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းလောက်အတွက် ကျပ်ငွေ ၁၆၄ ဘီလီယံအသုံးပြုသွားမယ်လို့လည်း ဦးဇော်ဌေးကလည်း ပြောထားပါတယ်။ Stay at Home နယ်မြေဒေသတွေမှာ  ကျပ် ၄၀,၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂ ဒသမ ၁ သန်းလောက်ကိုပေးမှာဖြစ်ပြီး  Stay at Home ပြင်ပ နယ်မြေဒေသတွေဆိုရင် ကျပ် ၂၀,၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၄ သန်းလောက်ကို ပေးမှာလို့လည်းဆိုပါတယ်။
7 months Ago

October 22, 2020

နိုင်ငံတော်သမ္မတနှင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့  နေပြည်တော်တွင် မနက်ဖြန် ကြိုတင်မဲပေးမည် 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှာ မနက်ဖြန် အောက်တိုဘာ ၂၃ ရက်နေ့ ကြိုတင်ဆန္ဒမဲပေးကြမှာဖြစ်တယ်လို့  ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ နိုင်ငံတော်သမ္မတနဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ပြည်ထောင်စုနယ်မြေမှာပဲ ကြိုတင်မဲ ပေးဖို့အတွက် ပုံစံ (၁၅) နဲ့ လျှောက်ထားခဲ့ကြတာပါ။ "ဟုတ်ပါတယ်။ ဇမ္ဗသီရိမြို့နယ်မှာ၊ပေးကြမှာပါ"လို့  ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက   ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ကြိုတင် မဲပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး  အသေးစိတ်ပြောဆိုတာတော့ မရှိပါဘူး။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် မဲရုံတွေမှာ တန်းစီရမယ့်သူ အရေအတွက်နည်းသွားအောင်နဲ့ ရောဂါကူးစက်မှုမဖြစ်စေဖို့ အသက် ၆၀ ကျော်အရွယ် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးလို့ရအောင် စီစဉ်နေတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၉ ရက်နေ့က  ပြောကြားထားပါတယ်။ “Stay at Home မြို့နယ်တွေမှာ ဆိုရင် ၆၀ ကျော်တွေ အားလုံးဟာ ကြိုတင်မဲပေးနိုင်မှာ ဖြစ်တာကြောင့်မို့လို့ ရွေးကောက်ပွဲနေ့မှာလည်း အခြေအနေပိုပြီး ကောင်းသွားမယ်။ ကျန်းမာရေးအရလည်း ကျမတို့ အနေနဲ့ ၆၀ ကျော်တွေအတွက် ပိုပြီးတော့ စိတ်ချရမှာ ဖြစ်ပါတယ်။ ကျမလည်း  ကြိုတင်မဲပေးလို့ရတာပေါ့” လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံတဝန်း မဲရုံကို ကိုယ်တိုင် လာရောက်ဆန္ဒမဲ မပေးနိုင်တဲ့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေကို အောက်တိုဘာ ၁၀ ရက်နေ့က ညွှန်ကြားထားပါတယ်။ သတင်း- ထက်ဝေအောင်
8 months Ago
More News
Up