နိုင်ငံခြားရေးဌာန

June 17, 2020

မလေးရှားတွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၃၄ ဦးကို  လေယာဉ်ဖြင့်ပြန်ခေါ် 

မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့  မြန်မာနိုင်ငံသား ၁၃၄ ဦးကို ဒီကနေ့ ဇွန်လ ၁၇ ရက်မနက်က  ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။  မလေးရှားနိုင်ငံ၊ ENRA Group Bhd ရဲ့ MT Ratu Chemical/Oil Products Tankerမှ ထားဝယ်မြို့၊ ရဲတံခွန်ရေနံတူးစင်မှာ လုပ်ငန်းတာဝန်ပြီးဆုံးတဲ့  ကျွမ်းကျင်ဝန်ထမ်းတွေကို Malindo Air လေယောဉ်နဲ့ မလေးရှားနိုင်ငံသို့ ပြန်လာခေါ်ဖို့ရှိနေတဲ့အတွက် အလာခရီးစဉ်မှာ မလေးရှားရောက် မြန်မာနိုင်ငံသား ၁၃၄ ဦး လိုက်ပါနိုင်ဖို့ မြန်မာသံရုံးက ညှိနှိုင်းဆောင်ရွက် ပြန်ခေါ်ခဲ့တာလို့ ဆိုပါတယ်။ နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒီနေ့မနက် ၁၁ နာရီ မိနစ် ၄၀ လောက်က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကာ သူတို့ကို သတ်မှတ်နေရာမှာ  ၂၁ ရက် အသွားအလာ ကန့်သတ် ထားရှိမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေပြီး မြန်မာပြည် ပြန်လာဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေ စီစဉ်ပေးပြီး ပြန်လည်ခေါ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုအကြိမ်နဲ့ဆိုရင် မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ  သုံးကြိမ်ရှိပြီဖြစ်ပြီး   မြန်မာနိုင်ငံသား စုစုပေါင်း ၃၃၄ ဦး နေရပ် ပြန်လာ နိုင်ခဲ့ကြပါတယ်။  လာမယ့် ဇွန်လ ၁၉ ရက်နဲ့ ဇွန်လ ၂၇ ရက်တွေမှာလည်း မလေးရှားရောက် မြန်မာတွေကို ထပ်မံ ခေါ်ဆောင်ဖို့ရှိတယ်လို့ နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။  ဓာတ်ပုံ- MOFA
11 months Ago

April 10, 2020

COVID-19 တုံ့ပြန်ရန် ဗီယက်နမ်က မြန်မာကို ကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်း

COVID-19 ကူးစက်ရောဂါကို ကာကွယ်တုံ့ပြန်ဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပေးအပ်လှူဒါန်းလိုက်တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးရုံးမှာ ဒီနေ့မနက်က ဗီယက်နမ် နိုင်ငံခြားရေး ဒုဝန်ကြီး Nguyen Quoc Dung က အဆိုပါလှူဒါန်းငွေတွေကို မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းထံ ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြားထားရှိတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ အိမ်နီးချင်းကောင်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ဗီယက်နမ်အစိုးရနဲ့ ပြည်သူတွေက မြန်မာနိုင်ငံရဲ့ COVID-19 ကူးစက်ရောဂါကို တိုက်ထုတ်ကာကွယ်ရာမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့  မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေအတွက် လှူဒါန်းတာဖြစ်ပြီး မိမိတို့အားလုံးအနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင် ကျော်လွှားကြမယ်လို့ ဗီယက်နမ် ဒုဝန်ကြီးက ပြောပါတယ်။ အဆိုပါ လှူဒါန်းငွေတွေကို မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ဆက်သွယ်ပြီး ဘဏ်ကနေတဆင့် ပြန်လည်လွှဲပြောင်း ပေးအပ်မယ်လို့ သိရပါတယ်။ ဓာတ်ပုံ-MOFA
1 year Ago
Up