နိုက်ဂျီးရီးယား

December 19, 2020

ပြန်ပေးဆွဲခံနိုက်ဂျီးရီးယား ကျောင်းသား ၃၀၀ ကျော် နေရပ်ပြန်ရောက်

နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားတွေဟာ ပြန်လွတ်လာပြီး ဒီဇင်ဘာလ ၁၈ ရက်က နေရပ်ကို  ပြန်ရောက်ခဲ့ပါတယ်။   စုစုပေါင်း ကျောင်းသား ၃၄၄  ယောက် ပြန်ပေးဆွဲခံရပြီး အဲဒီထဲက အများစု ပြန်လွတ်လာ တယ်လို့ ကတ်ဆီနာပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ဒီဇင်ဘာ ၁၁ ရက်က သူတို့ဟာ  အိမ်နီးချင်း ဇမ်ဖာရာပြည်နယ် သစ်တော တစ်ခုအတွင်း ပြန်ပေးဆွဲခဲ့တာပါ။   ကျောင်းသားတွေကို ဘိုကိုဟာရမ် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ခေါ်ဆောင်သွား တယ်လို့ အတည်မပြုနိုင်သေးတဲ့ အသံသွင်းမှတ်တမ်းက ဆိုပါတယ်။   ၂၀၁၄ ခုနှစ်ကလည်း ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ချီဘို့မြို့က ကျောင်းသူ အယောက် ၂၇၀ ကျော်ကို ပြန်ပေးဆွဲခဲ့ဖူးပါတယ်။  ကန်ကာရာမြို့ အလယ်တန်းကျောင်းက ကျောင်းသားတွေဟာ  ဒီဇင်ဘာ ၁၈ ရက်မှာတော့ ကတ်ဆီနာပြည်နယ်က အစိုးရရုံးတစ်ခုကို ရောက်လာခဲ့ပါတယ်။  ကျောင်းသား တစ်ဦးက ပြန်ပေးသမားတွေဟာ သူတို့ကို အစာဝလင်အောင် မကျွေးဘူးလို့ ဆိုပါတယ်။  အစိုးရတိုက်လေယာဉ်ကို တွေ့တော့ သူတို့ကို နေရာပြောင်းခိုင်းတယ်လို့လည်း အဲဒီ ကျောင်းသားက ပြောပြခဲ့ပါတယ်။   အခုပြန်လွတ်လာတဲ့ ကျောင်းသားတွေကို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးမှ  သက်ဆိုင်ရာ မိဘတွေဆီ အပ်နှံသွားမယ်လို့လည်း   ရိုက်တာက ဖော်ပြပါတယ်။ 
5 months Ago

December 18, 2020

နိုက်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံကျောင်းသား ၃၀၀ ကျော် ပြန်လွတ်

နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားအယောက် ၃၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီလို့ ကတ်ဆီနာပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။  အိမ်နီးချင်း ဇမ်ဖာရာပြည်နယ် တောအုပ်အတွင်း ပြန်ပေးဆွဲခံရတဲ့  ကျောင်းသားတွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေထံ လွှဲပြောင်းခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အာမီနူဘယ်လို မာဆာရီက ပြည်နယ်ရုပ်သံမေးမြန်းခန်းမှာ ပြောပါတယ်။  စုစုပေါင်း ကျောင်းသား ၃၄၄ ယောက် ပြန်ပေးဆွဲခံရပြီး ကျောင်းသားအကုန်လုံး ပြန်မရသေးပေမယ့် အတော်များများကို ပြန်ခေါ်နိုင်ခဲ့တယ်လို့ မာဆာရီက ဆိုပါတယ်။ ကျောင်းသားတွေကို ဘိုကိုဟာရမ်အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ခေါ်ဆောင်သွား တယ်လို့ အတည်မပြုနိုင်သေးတဲ့ အသံသွင်းမှတ်တမ်းက ဆိုပါတယ်။  အခုအခါမှာတော့  ကျောင်းသားတွေဟာ ကတ်ဆီနာပြည်နယ်ကိုပြန်လာနေပြီး  မိသားစုနဲ့ ပြန်တွေ့ရတော့မှာ ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး မာဆာရီက ပြောခဲ့ပါတယ်။  ၂၀၁၄ ခုနှစ်ကလည်း ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ချီဘို့မြို့က ကျောင်းသူ အယောက် ၂၇၀ ကျော်ကို ပြန်ပေးဆွဲခဲ့ဖူးပါတယ်။     
5 months Ago
More News
Up