နာဂေါ်နိုခါရာဘတ်ခ်ဒေသ

January 31, 2021

နာဂေါ်နိုခါရာဘတ်ဒေသ အပစ်ရပ်စဲရေးစောင့်ကြည့်ရန် ရုရှားနှင့်တူရကီ ပူးတွဲစင်တာဖွင့်

ရုာရှားနဲ့တူရကီတို့ဟာ နာဂေါ်နို ခါရာဘတ်ဒေသမှာ မနှစ်က လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်အပြီး သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို လေ့လာစောင့်ကြည့်ဖို့ ဇန်နဝါရီ ၃၀ ရက်မှာ ပူးတွဲ စင်တာတရပ် ဖွင့်လှစ်လိုက်တယ်လို့ အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

ဒီစင်တာကို တည်ထောင်ဖို့ ၂ နိုင်ငံ ကိုယ်စားလှယ်တွေ နိုဝင်ဘာလမှာ သဘောတူခဲ့ပြီး အဇာဘိုင်ဂျန်နိုင်ငံ အဂ်ဒမ်ဒေသမှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။

ခုတော့ တူရကီနဲ့ ရုရှား နှစ်ဖက်စလုံးက ဝန်ထမ်း အယောက် ၆၀ လောက် အဲ့ဒီစခန်းထဲမှာ တာဝန်ထမ်းဆောင်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ 

တူရကီဘက်က ဗိုလ်ချုပ်ကြီးတယောက်နဲ့ တပ်ဖွဲ့ဝင် ၃၈ ယောက် အဲဒီဌာနမှာ အလုပ်လုပ်မယ်လို့ ပြောပါတယ်။

တခြား သတင်းရင်းမြစ်တွေ ဆီကနေရတဲ့ သတင်းအချက်အလက်တွေကို ချင့်တွက်ပြီး မောင်းသူမဲ့ လေကြောင်းယာဉ်တွေကို သုံးရင်း စောင့်ကြည့်သွားမယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး အင်တာဖက်စ် သတင်းမှာ ဖော်ပြပါတယ်။

3 months Ago

November 25, 2020

နာဂေါ်နိုခါရာဘတ်ခ်ဒေသကို ရုရှားက လုံခြုံရေးယူပေး

ရုရှား ငြိမ်းချမ်းရေးတပ်တွေဟာ နာဂေါ်နိုခါရာဘတ်ဒေသရဲ့ လာချင်းစင်္ကြံလမ်းထဲမှာ ကားတွေသွားမယ့် လမ်းကြောင်းကို လုံခြုံရေးယူပေးနေရပါတယ်။ ဒီလမ်းဟာ ၆ ကီလိုမီတာရှည်ပြီး ဒေသတွင်းက အာမေးနီးယားနိုင်ငံသားတွေ အာမေးနီးယန်း တိုင်းရင်းသားတွေ ထူထူထပ်ထပ် နေထိုင်တဲ့ နယ်မြေတွေကို ချိတ်ဆက်ထားပါတယ်။ ရုရှား ငြိမ်းချမ်းရေးတပ်တွေဟာ ဒေသအတွင်း လေ့လာရေးစခန်း ၂၃ ခုကိုလည်း တည်ထားပြီး ဒေသတွင်း မြို့ရွာတွေဆီကို ကုန်စည်နဲ့ ရေ ဖြန့်ဖြူးပေးရာမှာရော လျှပ်စစ်ဓာတ်အား ပြန်ရအောင်ပါ ကူညီခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် ဒေသခံ ၁၁,၀၀၀ သူတို့အိမ်တွေဆီ ဘေးကင်းကင်း ပြန်နိုင်ရေးကိုလည်း ရုရှား ငြိမ်းချမ်းရေးတပ်က လုံခြုံရေးယူပေးခဲ့တယ်လို့လည်း ပြောပါတယ်။ နာဂေါ်နိုခါရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံက ပိုင်တယ်လို့ နိုင်ငံတကာက လက်ခံထားပေမယ့် အာမေးနီးယား တိုင်းရင်းသားတွေ အများစု နေထိုင်ပြီး သူတို့ကိုယ်တိုင် အုပ်ချုပ်ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် အဇာဘိုင်ဂျန် တပ်တွေနဲ့ ဒေသခံ အာမေးနီးယားတိုင်းရင်းသားတွေ တပ်တွေကြား တိုက်ပွဲဖြစ်အပြီး နယ်မြေတွေကို အဇာဘိုင်ဂျန်က ပြန်သိမ်းပိုက်ခဲ့ပါတယ်။
6 months Ago
More News
Up