နယူးယောက်

July 29, 2019

နယူးယောက်နှ်င့် ကယ်လီဖိုးနီးယားပြည်နယ် ပစ်ခတ်မှုအတွင်း သေဆုံးသူ ၅ ဦးအထိရှိ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကာလီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက် တရက်တည်းမှာတင် ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ယောက် ဒဏ်ရာရတယ်၊ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သတင်းဌာန အတော်များများက ဖော်ပြကြပါတယ်။ ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီ ရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့ နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။ ကာလီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာ ကျင်းပတဲ့ အစားအသောက်ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် သေနတ်သမားလို့ သံသယရှိသူ အပါအဝင် လူ ၄ ယောက် သေဆုံးတယ်၊ ၁၅ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်ရဲချုပ် စကော့စမစ်တီက ပြောပါတယ်။ ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် အင်တာနက်ပေါ် ရောက်လာပါတယ်။ ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက အစောပိုင်းမှာ ပြောပါတယ်။ ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။ လုပ်အားပေးတွေက တည်ခင်းတဲ့ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြထားပါတယ်။
2 years Ago

နယူးယောက်နှင့် ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုများဖြစ်၊ ၁ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက်က ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ အမေရိကန် မီဒီယာ အတော်များများက တနင်္ဂနွေမနက်မှာ ထုတ်ပြန်ပါတယ်။ လူ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာကျင်းပတဲ့ အစားအသောက် ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် ရဲတွေနဲ့ လူနာတင်ယာဉ်တွေ ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေပါတယ်။ သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက ပြောပါတယ်။ ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။ လုပ်အားပေးတွေက တည်ခင်းတဲ့ ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။
2 years Ago

July 27, 2019

နယူးယောက်တွင် ဖခင်က ကားထဲအချိန်အတော်ကြာထားခဲ့သဖြင့် အမြွာလေး ၂ ဦး သေဆုံး

လမ်းလျှောက်တတ်ခါစ အမြွာလေးနှစ်ယောက်ကို ဖခင်ဖြစ်သူက  ပူပြင်းလှတဲ့အချိန် ကားထဲ အချိန်ကြာကြာ ထားခဲ့တဲ့အတွက် ကလေးနှစ်ယောက် အသက်ဆုံးရတဲ့ ၀မ်းနည်းဖွယ် ဖြစ်ရပ်တခု ဇူလိုင် ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖြစ်သွားခဲ့ပါတယ်။ တနှစ်အရွယ် ယောက်ျားလေးနဲ့ မိန်းကလေး အမြွှာတို့ကို ဖခင်ဖြစ်သူက အလုပ်မသွားခင် ကားနောက်ခန်းမှာ  ထိုင်ခုံခါးပတ်နဲ့ထားပြီး ကားပါကင်ထိုးသွားခဲ့တာပါ။ ညနေ ရုံးဆင်းပြီးနောက် ဖခင်က ကားကို ခရီးအကွာအဝေး အနည်းငယ် မောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ  သူ့လုပ်ရပ်ကို သတိရသွားပြီး ဖခင်ဟာ နိုင်းဝမ်းဝမ်းကို အကြောင်းကြားခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းက ဆိုပါတယ်။ ကလေးနှစ်ယောက်ဟာ ဟွန်ဒါ -အက်ကော့ ကားနောက်ခန်းအတွင်း မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ  ပူပြင်းလှတဲ့ ကားထဲ အချိန်ကြာကြာနေခဲ့ရတယ်လို့ ရဲတပ်ဖွံက ပြောပါတယ်။ အနီးဝန်းကျင် ရပ်ကြည့်သူတဦးက “ကလေးတွေကို ဒီလိုပစ်ထားခဲ့တာ စိတ်ကူးကြည့်လို့ကို မရပါဘူး။ အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ပါ” လို့ ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကလေးတွေရဲ့ ဖခင်ကို ရဲကထိန်းသိမ်းထားတယ်လို့ NBC သတင်းအရ သိရပါတယ်။
2 years Ago
More News
Up