နယူးဇီလန်နေသူ

October 2, 2020

နယူးဇီလန်နေသူများကို ကွာရန်တင်း မဝင်ရဘဲ နိုင်ငံထဲဝင်ခွင့်ပြုမည်ဟု ဩစတြေးလျ ပြော

သြစတြေးလျဟာ သီတင်းပတ်အတွင်း နယူးဇီလန်မှာ နေထိုင်သူတွေကို ကွာရန်တင်း ဝင်စရာမလိုဘဲ နိုင်ငံထဲ ဝင်ခွင့်ပြုမယ်လို့ ဒုတိယဝန်ကြီးချုပ်က အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။  မတ်လက သြစတြေးလျဟာ သူရဲ့ နယ်စပ်တွေကို ပိတ်ပြီး နိုင်ငံသားမဟုတ်သူတွေနဲ့  အမြဲ နေထိုင်ခွင့်ရသူတွေကို တားမြစ်ခဲ့တာပါ။  အခုအခါ သြစတြေးလျမှာ ကိုဗစ်-၁၉ ကူးစက်သူ လျော့နည်းပြီး ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်မြှင့်တင်ဖို့  အစိုးရက အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ်။  သြစတြေးလျဟာ နိုင်ငံခြားသားတွေအတွက် ပထမဆုံးအကြိမ်နယ်စပ် ပြန်ဖွင့်ပေးပြီး  နယူးဇီလန်နိုင်ငံသားတွေနဲ့ နေထိုင်သူအားလုံးကို အောက်တိုဘာ ၁၆ ရက်ကစလို့   နယူးဆောက်ဝေးနဲ့ ဝေးလံတဲ့  မြောက်ပိုင်းနယ်မြေဆီ သွားလာခွင့်ပြုမယ်လို့ ဒုဝန်ကြီးချုပ် မိုက်ကယ် မက်ကောမတ်က ဆိုပါတယ်။  သူတို့ဟာ တခြားနိုင်ငံက ပြန်လာတဲ့ သြစတြေးလျနိုင်ငံသားတွေလို  သီတင်းနှစ်ပတ် ကွာရန်တင်းဝင်ဖို့ မလိုအပ်ပါဘူး။  သြစတြေးလျဟာ သူရဲ့အနီးဆုံးမဟာမိတ် နယူးဇီလန်အပေါ် ကန့်သတ်ချက်တွေ ဖြေလျှော့ ပေးပေမဲ့ နယူးဇီလန်ဝန်ကြီးချုပ်ကတော့ လောလောဆယ် သူ့နယ်စပ်တွေကို ဖွင့်မှာမဟုတ်ဘဲ သြစတြေးလျကို သွားပြီး ပြန်လာသူတွေဟာ ကွာရန်တင်း ဝင်ရမယ်လို့ အောက်တိုဘာ ၂ ရက်နေ့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။
9 months Ago
Up