နမ္မတီးမြို့

May 11, 2021

နမ္မတီးမြို့၌ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ မေ ၁၀ ရက် ည ၉ နာရီခွဲဝန်းကျင်က စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်တွေက  သေနတ်နဲ့ပစ်လို့  ပြည်သူ တစ်ယောက်ကျဆုံးပြီး တစ်ယောက်ဒဏ်ရာရသွားပါတယ်။

နမ္မတီးမြို့ထဲက ချယ်ရီခေါက်ဆွဲဆိုင်အနားမှာ စစ်တပ်က  သေနတ်နဲ့ပစ်တာကြောင့် ပြည်သူတယောက် ကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။

ဒေသခံတစ်ဦးက "အလောင်းလာကောက်တဲ့သူတွေကိုလည်း ပစ်မယ်လို့ စစ်ကောင်စီ လက်နက်ကိုင်တွေက ပြောနေပါတယ်။ မည်းမည်းမြင် ရမ်းသမ်းခြောက်ပစ်တယ်လို့ သိရပါတယ်။ ကျနော်တို့မြို့မှာက အရင်ရက်ပိုင်းတွေအထိကို မာရှယ်လော (ညမထွက်ရ ကန့်သတ်ချက်) ည ၈ နာရီ နောက်ပိုင်း ဘာမှမဖြစ်ဘူး။ မလုပ်ဘူးထင်လို့ သွားလာနေကြသူတချို့လည်းရှိနေပါတယ်ဗျ"လို့ ပြောပါတယ်။

မြို့သာယာရပ်ကွက်မှာလည်း  အသက် ၂၁ နှစ် အရွယ်လူငယ်တယောက် လက်မောင်းမှာ ကျည်ထိမှန်ထားပြီး ဒဏ်ရာပြင်းတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

1 month Ago

April 21, 2021

နမ္မတီးမြို့တွင် အပြာရောင်တီရှပ်ကမ်ပိန်းပြုလုပ်

ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ  သတင်းစာဆရာ ဝါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း အထိမ်းအမှတ် အောက်မေ့သတိရဂုဏ်ပြုခြင်းနဲ့ နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံထားရသူအားလုံးလွတ်မြောက်ရေးအတွက် ဒေသခံပြည်သူ ၂၀၀ ကျော်လောက်ဟာ ဧပြီ ၂၁ ရက် ဒီနေ့မနက်က    Blue shirt  ကမ်ပိန်းနဲ့   လမ်းလျှောက်သပိတ် ပြုလုပ်ခဲ့ပါတယ်။

2 months Ago
Up