နည်းပြဇီဒန်း

January 16, 2021

ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ဟာဇက်အပေါ် စိတ်ရှည်ပေးကြရန် နည်းပြဇီဒန်း တိုက်တွန်း

ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတဲ့ ဟာဇက်နဲ့ပတ်သက်ပြီး စိတ်ရှည်ပေးကြဖို့ ရီးရဲလ်နည်းပြ ဇီဒန်းက တိုက်တွန်းလိုက်ပါတယ်။  ဟာဇက်ဟာ ၂၀၁၉ နွေရာသီကတည်းက ရီးရဲလ်အသင်းဆီကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ မနှစ်က လာလီဂါ ၁၆ ပွဲသာ ကစားခဲ့ရပြီး ၁ ဂိုးသာ သွင်းယူခဲ့သလို အခုနှစ်လာလီဂါ တဝက်ကျိုးလာချိန်မှာလည်း ၆ ပွဲသာ ကစားရသေးပြီး ၁ ဂိုးပဲ ရရှိသေးတာ ဖြစ်ပါတယ်။ ဟာဇက်အနေနဲ့ ယုံကြည်မှုပြန်လည်ရရှိဖို့ လိုအပ်နေပြီး ပွဲကြီးပွဲကောင်းတွေမှာ ၁ ဂိုးလောက် သွင်းယူပြီး ယုံကြည်မှုပြန်ရဖို့ လိုအပ်နေကြောင်း၊ သူက ဘယ်လို ခမ်းနားတဲ့ ကစားသမားလဲဆိုတာ သိပြီးသားဖြစ်ပြီး သူ့အတွက် စိတ်ရှည်ပေးဖို့ လိုအပ်တယ်လို့  နည်းပြဇီဒန်းက သုံးသပ်သွားပါတယ်။
6 months Ago

December 10, 2020

ရီးရဲလ်မက်ဒရစ်၏ ဖာဂူဆန် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဟု နည်းပြဇီဒန်း ပြော

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖာဂူဆန် ဘယ်တော့မှာဖြစ်လာမှာမဟုတ်ကြောင်း နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။ မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းကို နှစ်ရှည်ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။  မန်ယူအသင်းမှာ နည်းပြ ဖာဂူဆန် ကိုင်တွယ်သွားခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းမှာလည်း အဲဒီလို နှစ်ရှည်ကိုင်တွယ်ပြီး ရီးရဲလ်အသင်းရဲ့ဖာဂူဆန် ဖြစ်လာနိုင်သလား ဆိုတာကို မီဒီယာတစ်ဦးက မိုချန်ဂလာဘက်နဲ့ ပွဲအပြီးမှာ မေးမြန်းခဲ့တာပါ။ ဖာဂူဆန်လို နည်းပြ ဖြစ်လာမှာမဟုတ်သလို ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘယ်အချိန်အထိ ဆက်ရှိနေမလဲဆိုတာလည်း မသိရှိကြောင်း၊ ရေရှည်အတွက် ဘာမှတွေးမထားဘဲ တစ်ရက်ချင်းသာ အကောင်းဆုံးလုပ်ဆောင်ပြီးဖြတ်သန်းသွားမယ်လို့ နည်းပြဇီဒန်းက ပြော ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ မိုချန်ဂလာဘက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနေရာ ကနေ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။  
8 months Ago
More News
Up