နည်းပြ ဆိုးလ်ရှား

February 11, 2019

နည်းပြ ဆိုးလ်ရှား၏ မန်ယူအသင်းကို နောက်ခံလူဟောင်း ဖာဒီနန် ချီးကျူး

မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က ရှုံးပွဲမရှိ ခရီးဆက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။ မော်ရင်ဟို ကိုင်တွယ်စဉ်က အသင်းကို ဝေဖန်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ ဖာဒီနန်ဟာ အခုတကြိမ်မှာတော့ ပထမဆုံးအကြိမ် ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဖာဒီနန်က “ကျနော်တို့ရဲ့ ယူနိုက်တက်အသင်းကို ပြန်လည်ရရှိခဲ့ပြီ” လို့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာပါ။ ယာယီနည်းပြ ဆိုးလ်ရှားကိုင်တွယ်ချိန်ကစပြီးတော့ ၁၁ ပွဲကစားပြီးချိန်မှာ ၁၀ ပွဲ အနိုင်ရရှိထားသလို သွင်းဂိုး ၂၈ ဂိုးထိ ရရှိထားတာကြောင့် တပွဲပျမ်းမျှ ၃ ဂိုးနှုန်း သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအစက ခြေစွမ်းပိုင်းကျဆင်းခဲ့ပြီး ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတောာ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
2 years Ago
Up