ဓားဖြင့်လိုက်ထိုးသူ

September 3, 2021

နယူးဇီလန် စူပါမားကတ်၌ ဈေးဝယ်လာသူများအား ဓားဖြင့်လိုက်ထိုးသူ ပစ်သတ်ခံရ

နယူးဇီလန်နိုင်ငံ၊ အော့ခ်ကလန်မြို့က နယူးလင်းန်စူပါမားကတ်မှာ စက်တင်ဘာ ၃ ရက်က အနည်းဆုံးလူ ၆ ယောက်ကို ဓားနဲ့ထိုးခဲ့တဲ့  အကြမ်းဖက်အစွန်းရောက်တစ်ဦးကို နယူးဇီလန် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က ပြောကြားခဲ့ပါတယ်။ 

တိုက်ခိုက်သူဟာ ၂၀၁၁ ခုနှစ်ကတည်းက နယူးဇီလန်ကိုရောက်ရှိနေတဲ့ သီရိလင်္ကာ အမျိုးသား တစ်ဦးဖြစ်ပြီး သူဟာ အစ္စလာမ်မစ်နိုင်ငံတော်စစ်သွေးကြွအဖွဲ့ အိုင်းဆစ်အဖွဲ့ရဲ့ လှုံ့ဆော်မှုကို ခံရပြီး တချိန်လုံး စောင့်ကြည့်ခံနေရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်သူဟာ ငါးနှစ်လောက် စောင့်ကြည့်ခံရသူ တစ်ဦးဖြစ်ပြီး သူဟာ အော့ခ်ကလန်မြို့မှာ သူ့ရဲ့တိုက်ခိုက်မှု စတင်လိုက်တဲ့အချိန်မှာပဲ စက္ကန့် ၆၀ အတွင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

သူ့ကိုစောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့က အဲ့ဒီလူဟာ New Lynn စူပါမားကတ်ကို ဈေးဝယ်ဖို့သွားတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ မျက်မြင်သက်သေတယောက် ပြောသလို သူဟာ ဓားရှည်တချောင်းကို ဆွဲထုတ်လိုက်ပြီး လူတွေကို စတင် ဓားနဲ့ထိုးခဲ့ပါတယ်။ 

ဒဏ်ရာရရှိသူခြောက်ဦးထဲက သုံးဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး တယောက်က အခြေအနေ ပြင်းထန်ပြီးတော့ ကျန်တယောက်က အလယ်အလတ်အခြေအနေလို့ စိန့်ဂျွန်လူနာ တင်ယာဉ် ၀န်ဆောင်မှုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

3 months Ago
Up