ဓားဒဏ်ရာများနှင့်

September 17, 2016

ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဗိုလ်မှူးဇနီးမောင်နှံတို့ကို မိသားစုဝင်များ သင်္ဂြိုဟ်

တပ်ကုန်း - ကင်းသာ - ပင်လောင်းလမ်းမှာ သေဆုံးခဲ့ ဗိုလ်မှူးဇနီးမောင်နှံတို့ကို မိသားစုဝင် တွေက စက်တင်ဘာလ ၁၇ ရက်နေ့က သင်္ဂြိုဟ်ကြပါတယ်။ ဗိုလ်မှူးဝေဖြိုးအောင် ကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်သင်္ချိုင်းမှာ မနက် ၁၁ နာရီမှာ သင်္ဂြိုဟ်ခဲ့ပြီး ဇနီးဖြစ်တဲ့ ဒေါ်ခင်စန္ဒီကျော်ကို မိသားစုဝင်တွေက ရန်ကုန်ကို ပြန်လည် သယ်ဆောင်ခဲ့ပြီး ရေဝေးသုဿ    န်မှာ နေ့လည် ၂ နာရီအချိန်က သင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။ နှစ်ဘက်မိသားစုတွေကတော့ သေဆုံးမှုအတွက်အပြန်အလှန် လူသတ်မှုတွေနဲ့ တရားစွဲဆို ထားပြီး အမှုကိုတော့ စီအိုင်ဒီက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗိုလ်မှူးဝေဖြိုးအောင်ကို တပ်ကုန်း ကင်းသာ ပင်လောင်း မိုင်တိုင် ၈/၅ မှာ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ၄ နှစ်အရွယ် သမီးဖြစ်သူ အိပ်လျက်အနေအထားနဲ့ စက်တင်ဘာ ၁၃ ရက်နေက တွေ့ရှိခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒီကျော်ကို စက်တင်ဘာ ၁၄ ရက်နေ့က ဓားထိုးဒဏ်ရာတွေနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
5 years Ago
Up