ဂရိခေတ်ဘုရားကျောင်းတွေနဲ့ နာမည်ကျော်တဲ့ အီတလီနိုင်ငံ စစ္စလီမြို့မှာ ဒီဇင်ဘာ ၁၁ ရက် ညနေက ဓာတ်ငွေ့ပေါက်ကွဲပြီး ၄ ထပ်အဆောက်အအုံတခု ပြိုကျကာ အပိုင်းအစတွေအောက်မှာ လူ ၂ ယောက် ပိမိပြီး သေဆုံးသွားပါတယ်။
ဓာတ်ငွေ့ပေါက်ကွဲပြီး အဆောက်အအုံပြိုကျမှုကြောင့် လူ ၈ ဦး ပျောက်ဆုံးနေပြီး တခြား အဆောက်အအုံတွေလည်း ပျက်စီးသွားပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ခက်ခက်ခဲခဲထုတ်ယူပြီး ပျောက်ဆုံးနေသူတွေကို ဆက်ရှာနေတယ်လို့ မီးသတ်အဖွဲ့က ပြောပါတယ်။
ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုရဲ့ အရှေ့ဘက် မိုင် ၅၈၀ အကွာက နာဗြယ်ရက်ဇ်နီချိုနီမြို့မှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ငါးထပ် လူနေအဆောက်အအုံတလုံး ပျက်စီးခဲ့တယ်လို့ အရေးပေါ် ဌာနက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။
လူ ၄ ယောက်ထက်မနည်း ဒဏ်ရာရပြီး ၂ ယောက်က အပျက်အစီးတွေ အောက်မှာ မြုပ်နေဆဲပဲ လူအယောက် ၃၀ ကျော်ကိုတော့ အခင်းဖြစ်ရာ နေရာကနေ ဘေးကင်းရာကို ရွှေ့ပေးခဲ့ရတယ်လို့ အရေးပေါ်ဌာနက ကနဦး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အမိုးနဲ့ အပေါ်ထပ် ကြမ်းခင်းတွေ ပြိုကျနေတာကို ရုပ်သံတွေထဲမှာ တွေ့ရပါတယ်။
ရုရှားမှာ အိုမင်းဟောင်းနွမ်းနေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ညံ့ဖျင်းတဲ့ ဘေးကင်းရေး စည်းမျဉ်းတွေကြောင့် ဓာတ်ငွေ့ပေါက်ကွဲမှုတွေ ဖြစ်နေကျလို့ ရိုက်တာသတင်းဌာနက အစီရင်ခံ ပါတယ်။
စက်တင်ဘာလတုန်းကလည်း နိုဂင့်စ်ခ်မြို့မှာ လူနေအဆောက်အအုံအတွင်း ဓာတ်ငွေ့ပေါက်ကွဲလို့ လူ ၂ ယောက် သေဆုံးပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ လီပက်စ်ခ်ဒေသအတွင်း ရွာတရွာမှာ ဓာတ်ငွေ့ပေါက်ကွဲလို့ လူ ၃ ဦး သေဆုံးခဲ့ပါတယ်။