ဓာတ်ခွဲနမူနာ ၁၄၇၄ ခု

August 29, 2020

ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိ 

သြဂုတ် ၂၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၆၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၉၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၁၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၇၂ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၁၀၀ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့က ၂၄ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) က ၃ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့က ၁၁ ခုနဲ့ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) က ၂၀၁ ခု၊ စုစုပေါင်း ၁၄၇၄ ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိရပါတယ်။   မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၁ ဦးအနက် ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၈၄၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၃ သန်းကျော်ရှိပြီလို့ သိရပါတယ်။
8 months Ago
Up