ဒေးဗစ်အလာဘာ

July 22, 2021

ရာမို့စ်နှင့် နှိုင်းယှဉ်ခြင်းမပြုရန် ဒေးဗစ်အလာဘာ ပြော

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ရဲ့ နံပါတ် ၄ ဂျာစီကို ယူခဲ့ပေမယ့် နိူင်းယှဉ် ချီးကျူးခြင်းမပြုလုပ်ဖို့ ကစားသမားသစ် အလာဘာက ပြောပါတယ်။ 

သြစတြီးယားနောက်ခံလူ အလာဘာဟာ ဘိုင်ယန်မြူးနစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့သွားတဲ့ နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်မှာ ၁၆ နှစ်ကြာကစားခဲ့ပြီး အောင်မြင်မှုဆုဖလားတွေ အများအပြားရယူပေးခဲ့တာပါ။ 

“ဒီကျော့နံပါတ် ၄ ဂျာစီဝတ်ဆင်ခွင့်ရတာက ဂုဏ်ယူစရာပါပဲ။ ဒီဂျာစီက ခမ်းနားကြီးကျယ်ပြီး စိတ်ဓာတ်လှုံ့ဆော်မှုလည်းပေးနိုင်စွမ်းရှိပါတယ်။ ပြီးတော့ ရာမို့စ်လိုလည်း အောင်မြင်မှုတွေရယူပေးချင်ပါတယ်။ ဒါပေမယ့် ကျနော်ဒီကိုလာတာက တခြားကစားသမားနဲ့ နှိုင်းယှဉ်ဖို့နဲ့ အစားထိုးဖို့လာတာမဟုတ်ပါဘူး။ ဒေးဗစ်အလာဘာ တစ်ယောက် ဖြစ်ဖို့ရောက်လာတာပါ” လို့ အလာဘာ က ပြောပါတယ်။ 

အသက် ၂၉ နှစ်ရှိ နောက်ခံလူ အလာဘာဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ  ဘွန်ဒက်စ်လီဂါ ၁ဝ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ဂျာမန်ဖလား ၆ ကြိမ်ရယူနိုင်ခဲ့ ပါတယ်။ ရာမို့စ်ကတော့ လာလီဂါဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ 

2 weeks Ago
Up