ဒိုင်နမိုကိဗ်

March 15, 2019

ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့တွင် ချဲလ်ဆီးက ဒိုင်နမိုကိဗ်ကို ၅ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးက ဒိုင်နမိုကိဗ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးက ပထမအကျော့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တုန်းကလည်း ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်း ၈ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာပါ။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဂျရူးက ဟက်ထရစ်ဂိုး၊ အလွန်ဆိုက တဂိုးနဲ့ ဟတ်ဆင်အိုဒွိုင်းက တဂိုး အသီးသီး သွင်းယူပါတယ်။ ဒိုင်နမိုကိဗ်က အိမ်ကွင်းဖြစ်ပေမယ့်လည်း ချဲလ်ဆီးကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့် ၈ ကြိမ်အထိ ရခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတိုက်စစ်မှူး ဂျရူး ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
2 years Ago

March 8, 2019

ယူရိုပါလိဂ် ရှုံးထွက်ပထမအကျော့တွင် ချဲလ်ဆီးက ဒိုင်နမိုကိဗ်ကို ၃ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာပဲ ချဲလ်ဆီးက ဒိုင်နမိုကိဗ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ၁၇ မိနစ်မှာ ပက်ဒရို၊ ၆၅ မိနစ်မှာ ဝီလျံနဲ့ မိနစ် ၉၀ မှာ ဟတ်ဆင်အိုဒွိုင်းက သွင်းယူပါတယ်။ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်ဟာ ဒီပွဲမှာ ချဲလ်ဆီးကို ယှဉ်မကစားနိုင်သလို ဂိုးပေါက်ခြိမ်းခြောက်တာတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။ ချဲလ်ဆီးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့် ၈ ကြိမ်အထိ ရခဲ့ပါတယ်။ ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်ကို ချဲလ်ဆီးက အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဦးမှာပါ။ ချဲလ်ဆီးဟာ အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲကြောင့် နောက်တဆင့် ကွာတားဖိုင်နယ်ကို တက်ဖို့ အလားအလာ ကောင်းသွားပါတယ်။
2 years Ago
Up