ဒုသမ္မတ ဦးမြင့်ဆွေ

April 1, 2018

သစ်ခိုးသူများနှင့်ဆင်ခိုးသတ်သူများကို လိုအပ်ရင် ပစ်ခတ်ဖမ်းဆီးရန် ဒုသမ္မတ ဦးမြင့်ဆွေပြော

သစ်ခိုးထုတ်သူတွေနဲ့ ဆင်ခိုးသတ်သူတွေကို လိုအပ်ရင် ပစ်ခတ်ဖမ်းဆီးဖို့ ဒုတိယ သမ္မတ ၁ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက် မနက်ပိုင်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ကွန်းချောင်း ရေအားလျှပ်စစ် ရေလှောင်တမံကို ရောက်ရှိလာတုန်း ရေလှောင်တံမံရေရှည်တည်တန့်ရေးနဲ့ ပဲခူးရိုးမထဲက သစ်ခိုးထုတ်တာတွေ ပပျောက်ရေးအတွက် အခုလို ပြောလိုက်တာပါ။ ဒုတိယသမ္မတ ဦးမြင့်ဆွေက “ရာသီဥတုမှန်ဖို့ဆိုတာ သစ်ပင်တွေရှိမှမှန်မယ်။ အခု ပဲခူးရိုးမက သစ်ခိုးထုတ်မှုတွေရှိတယ်။ ရဲတပ်ဖွဲအနေနဲ့ ဆည်ရဲလုံခြုံရေးကိုလည်း တိုးမြှင့်ချထားပြီး သစ်ခိုးထုတ်မှုတွေကိုလည်း ပူးပေါင်းကာကွယ်သွားပါ။ သစ်ခိုးထုတ်တဲ့သူတွေနဲ့ ဆင်သတ်တဲ့ အဖွဲ့တွေဟာ လက်နက်တွေပါတယ်။ အဲဒီတော့ ကိုယ်ကမပစ်ရင် သူတို့ကပစ်မှာ။ ဒါကြောင့် ပစ်သင့်ရင် ပစ်လိုက်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပူးပေါင်းကူညီပေးပါ" လို့ ပြောပါတယ်။ ကွန်းချောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၂ နှစ်မှာ စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အဲဒီရေအားလျှပ်စစ်စက်ရုံကနေ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၁၉၀ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။
3 years Ago

January 13, 2017

ဒုသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်တွင်တွေ့ဆုံဆွေးနွေး

  နိုင်ငံတော်ဒုသမ္မတ ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ဒီကနေ့ ရန်ကုန်မြို့  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ရုံး မှာတွေ့ဆုံပြီး တရားမဝင်ငွေကြေးလဲလှယ်မှု ပပျောက်ရေးအပါအ၀င် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ တိုင်းပြည် ဖွံ့ဖြိုးရေးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ SMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှု ပပျောက်ရေး၊ ငွေကြေးဖောင်းပွတာတွေထိန်းချုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးစတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဦးအုန်းမောင်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ လည်း တက်ရောက်ကြပါတယ်။ ပထမအကြိမ်တွေ့ဆုံမှုကို ၂၀၁၆ဒီဇင်ဘာလက ကျင်းပခဲ့ပြီး နိုင်ငံတော်ဒုတိယသမ္မတနဲ့ စီပွားရေးလုပ်ငန်းရှင်တွေ လစဉ်ပုံမှန်တွေ့ဆုံသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ သတင်း - စိုးမိုးအောင်  
4 years Ago
Up