ဒီဂျောင်

April 11, 2019

အေဂျက်ကွင်းလယ်လူ ဒီဂျောင်ကို ဂျူဗင်တပ်နည်းပြ ချီးကျူး

အေဂျက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ ထိန်းချုပ်ရခက်ခဲတဲ့ ကစားသမား ဖြစ်တယ်လို့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ချီးကျူးလိုက်ပါတယ်။ ဒီဂျောင်ဟာ ပြိုင်ပွဲတခုလုံးရဲ့ အဓိကအရင်းအမြစ်ဖြစ်ခဲ့ပြီး သူတို့အသင်းရဲ့ ကစားသမား ဘန်တန်ကာအနေနဲ့ မထိန်းနိုင်ခဲ့ကြောင်း ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အယ်လီဂရီက ပြောကြားလိုက်တာပါ။ အေဂျက်အသင်းဟာ အိမ်ကွင်းမှာ ဂျူဗင်တပ်အသင်းကို အကောင်းဆုံး ဖိအားပေး ကစားသွားခဲ့ပြီး ခံစစ်ပိုင်း ကောင်းမွန်မှုကြောင့်သာ ဂိုးတွေမပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၄ ပွဲစလုံး ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့လို့ ပရိသတ်တွေကတော့ ဝမ်းသာနေကြပါတယ်။ ဂျူဗင်တပ်အသင်းဟာ အဝေးဂိုးရရှိထားတဲ့အပြင် ဒုတိယအကျော့အဖြစ် တူရင်မြို့မှာ လက်ခံကစားရမှာဖြစ်လို့ အေဂျက်အသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အလေးသာနေပါတယ်။
2 years Ago

January 24, 2019

အေဂျက်ကွင်းလယ်လူ ဒီဂျောင်ကို ဘာစီလိုနာ ခေါ်ရန် သဘောတူညီချက်ရ

ဘာစီလိုနာအသင်းဟာ ဟော်လန်ကလပ် အေဂျက် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ပေါင် ၆၅ သန်းပေးပြီး ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဘာစီလိုနာက ၅ နှစ်စာချုပ်နဲ့ ဒီနှစ်ရာသီအကုန်မှာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင် ဖရန်ကီ ဒီဂျောင်ဟာ နောက်တန်းကစားသမားအဖြစ်နဲ့လည်း ကစားနိုင်သူ ဖြစ်ပါတယ်။ သူ့ကို နာမည်ကြီး ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။ ဖရန်ကီ ဒီဂျောင်ဟာ ဘာစီလိုနာကို ဟော်လန်ကစားသမားတွေထဲကနေ အယောက် ၂၀ မြောက် ရောက်ရှိလာသူအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
2 years Ago
More News
Up