ဒီမိုကရေစီရေးလှုပ်ရှားသူ ၁ ဦးကို ယူအေအီးနိုင်ငံတွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

January 1, 2019

ဒီမိုကရေစီရေးလှုပ်ရှားသူ ၁ ဦးကို ယူအေအီးနိုင်ငံတွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ တရားရုံးတရုံးက ဒီမိုကရေစီ လိုလားတဲ့ စည်းရုံးလှုံ့ဆော်သူ အာမဒ်မန်ဆော်ကို ထောင်ဒဏ် ၁၀ နှစ် စီရင်ချက်ချလိုက်ပါတယ်။ အစိုးရကို လူမှုကွန်ရက်ပေါ်ကနေ ဝေဖန်မှုနဲ့ တရားရုံးက စီရင်ချက်ချလိုက်တာလို့ အစိုးရပိုင် အမျိုးသားသတင်းစာက ရေးသားဖော်ပြပါတယ်။ ဒါဟာ ယူအေအီး နိုင်ငံအတွင်း လူသိရှင်ကြား တက်တက်ကြွကြွလုပ်ကိုင်တဲ့ လူ့အခွင့် အရေးလှုပ်ရှားသူအနည်းငယ်ထဲက တယောက်ကို ထောင်ချတာလို့ လည်း မီဒီယာတွေက ရေးပါတယ်။ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းအချက်အခြာကျတဲ့  ယူအေအီး နိုင်ငံဟာ သက်ဦးဆံပိုင် အာဏာရှင်စနစ်ကို ကျင့်သုံးပြီး အများပြည်သူ ဝေဖန်ချက်နည်းနည်းကိုသာ သည်းခံလေ့ ရှိတာပါ။ အသက် ၄၉နှစ်အရွယ် မန်ဆော်ဟာ လျှပ်စစ် အင်ဂျင်နီယာနဲ့ ကဗျာဆရာဖြစ်ပြီး ၂၀၁၁မှာ ယူအေအီး အုပ်ချုပ်သူတွေကို စော်ကားမှုနဲ့ တရားစွဲခံရတဲ့ လူငါးယောက်ထဲက တယောက်ပါ။ သူတို့ကို အဲဒီနှစ်ထဲမှာပဲ  လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ မန်ဆော်ကာတော့  ၂၀၁၇ မတ်လမှာ ထပ်အဖမ်းခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံစည်းလုံးမှုပြိုကွဲအောင် လူမှုကွန်ရက်မီဒီယာကို အသုံးချမှု၊ အမုန်းတရား လှုံ့ဆော်မှု၊ ဂိုဏ်းဂဏစွဲတွေကို အားပေးမှု၊ ကောလဟလတွေ သတင်းမှားတွေဖြန့်မှုတွေနဲ့ တရားစွဲ ခံခဲ့ရပါတယ်။ ၂၀၁၈ မေလကလည်း သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂သိန်း ၇သောင်း ပြစ်ဒဏ် စီရင်ခဲ့ဖူးပါတယ်။
2 years Ago
Up