ဒီပို့တီပို့

January 13, 2016

စပိန်ဘုရင့်ဖလားပွဲ ဆီဗီးလားနှင့် မာရင်ဒီတို့ ဂိုးပြတ်နိုင်ပွဲရ (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၁၂ ရက်က ကစားသွားတဲ့ စပိန် ဘုရင့်ဖလား ကိုပါဒယ်ရေး ဘောလုံးပြိုင်ပွဲမှာ ဆီဗီးလားနဲ့ မာရင်ဒီတို့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ ဆီဗီးလားက ရီးရဲလ်ဘက်တစ်အသင်းနဲ့ ကစားခဲ့တာဖြစ်ပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အဖွင့်ဂိုးကို ပထမပိုင်း ၄ မိနစ်နဲ့ ဒုတိယဂိုးကို ၃၄ မိနစ်မှာ သွင်းယူခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၃ မိနစ်နဲ့ ၈၉ မိနစ်တွေမှာလည်း တတိယနဲ့ စတုတ္ထဂိုးသွင်းယူပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ပထမအကျော့မှာလည်း ဆီဗီးလားက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားလို့ ၂ ပွဲပေါင်း ရလဒ် ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ စပိန်ဒုတိယတန်းကလပ် မာရင်ဒီက ဒီပို့တီပို့ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ထမပိုင်း မိနစ် ၄၀ မှာ မာရင်ဒီအသင်းက အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ထားပါတယ်။ ဒုတိယပိုင်း ၅၄ မိနစ်နဲ့ ၇၀ မိနစ်မှာ ဒုတိယနဲ့ တတိယဂိုးတွေ သွင်းယူပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာပါ။ ဒီအတွက် ၂ ပွဲပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးနဲ့ မာရင်ဒီက အနိုင်ရရှိသွားပါတယ်။
5 years Ago
Up