ဒီဇင်ဘာလဝက်တွင် အကောက်ခွန်မဲ့ပစ္စည်း ကျပ်သိန်း ၈၅၀၀ ဖိုးခန့် ဖမ်းဆီး

January 2, 2019

ဒီဇင်ဘာလဝက်တွင် အကောက်ခွန်မဲ့ပစ္စည်း ကျပ်သိန်း ၈၅၀၀ ဖိုးခန့် ဖမ်းဆီး

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာလဝက်မှာ အကောက်ခွန်မဲ့ပစ္စည်း ကျပ်သိန်း ၈၅၀၀ ဖိုးလောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ဖမ်းဆီး၊ တားဆီးနိုင်တာဖြစ်ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၈၄၉၀ ကျော် ရှိတာပါ။ နယ်မြေအလိုက် ဖမ်းဆီးနိုင်တာက အများဆုံးဖြစ်ပြီး ကျောက်စိမ်း၊ သစ် စတာတွေကို အမှုပေါင်း ၁၃၉ မှု ဖမ်းမိခဲ့သလို တန်ဖိုး ကျပ်သိန်းပေါင်း ၆၇၆၀ ကျော် ရှိပါတယ်။ လေဆိပ်မှာတော့ တားဆီးနိုင်မှု ၄ မှုရှိပြီး တန်ဖိုး ကျပ် ၂၈၄ သိန်း၊ ဆိပ်ကမ်းမှာ တားဆီးမှု ၆ မှုကနေ ကျပ်သိန်းပေါင်း ၁၄၄၉ ကျော် ဖမ်းမိခဲ့ပါတယ်။ နယ်စပ်တွေမှာတော့ သစ်တောထွက်ပစ္စည်းတွေ ဖမ်းဆီးတာ ၃ မှုပဲရှိပြီး တန်ဖိုး ကျပ်သိန်း ၉၀ ဖြစ်ပါတယ်။
2 years Ago
Up