ဒလန် အုပ်ချုပ်ရေးမှူး

October 24, 2021

မိတ္ထီလာခရိုင်အတွင်း ဒလန်အုပ်ချုပ်ရေးမှူးများကို သုတ်သင်မည်ဟု ပကဖ ပူးပေါင်းတပ်ပြော

မိတ္ထီလာခရိုင်အတွင်း စစ်ကောင်စီခန့်အပ်ထားတဲ့ ဒလန်အုပ်ချုပ်ရေးမှူးတွေကို ၄ မြို့နယ် PDF တွေ ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းသွားမယ်လို့ ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့ မိတ္ထီလာစက်မူဇုန်၊ သာစည်မြိုနယ်၊ မလှိုင်မြိုနယ် သဲတော၊ ဝမ်းတွင်းမြို့နယ်တွေက ဒလန်အကြီးစားတွေကို ၄ မြိုနယ် PDF တွေ ပူးပေါင်းသုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

ဝမ်းတွင်းမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို ဝမ်းတွင်း၊ မလှိုင်၊ သာစည်၊ မိထ္တီလာ ၄ မြို့နယ် ဖွဲ့စည်းထားတဲ့ Windwin PDF (ပကဖ) ပူးပေါင်းတပ်က နုတ်ထွတ်ကြဖို့ အပြင်းထန်ဆုံးသတိပေးထားတယ်လို့ ဆိုပါတယ်။

အုပ်စုဖွဲ့ သောင်းကျန်းတဲ့ တမာကန်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမူး မောင်လွင်နဲ့ အပေါင်းပါတစ်ယောက်ကို Windwin PDF (ပကဖ) ပူးပေါင်းတပ်က သုတ်သင်ရှင်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေး‌မှူးတွေ အမြန်ဆုံးနုတ်ထွတ်ကြဖို့နဲ့ ရှင်းရမဲ့စာရင်းတွေလည်း အကုန် အတိအကျ ရရှိထားတယ်လို့ ပူးပေါင်းကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

3 months Ago
Up