ဒဏ်ရာပြဿနာ

December 16, 2020

လီဗာပူးအသင်းတွင် ဒဏ်ရာပြဿနာမျိုး မရှိနိုင်ကြောင်း မော်ရင်ဟို သုံးသပ်

လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတာမျိုး မရှိကြောင်း စပါးနည်းပြ မော်ရင်ဟိုက ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မှက်ချက်ပြု ပြောပါတယ်။ လီဗာပူးအသင်းမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာရနေသလို ဒီယေဂိုဂျိုတာ၊ အယ်ကန်တာရာ အစရှိတဲ့ ကစားသမားတွေဟာလည်း ဒဏ်ရာကိုယ်စီနဲ့ အနားယူနေရတာ ဖြစ်ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကတော့ လီဗာပူးအသင်းမှာ အလစ်ဆန်၊ အာနိုးလ်၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဝီလ်နယ်ဒမ်းနဲ့ ရော်ဘတ်ဆန်တို့ ဒဏ်ရာရနေတာ မဟုတ်သလို မာနေး၊ ဆာလာနဲ့ ဖေမီနိုတို့ဟာလည်း ဒဏ်ရာရနေတာ မဟုတ်တာကြောင့် ဒဏ်ရာပြဿနာ ရှိနေတာမျိုး မဟုတ်ကြောင်း မော်ရင်ဟိုက မှတ်ချက်ပေးခဲ့တာပါ။  ဗန်ဒိုက် တစ်ဦးသာ ဒဏ်ရာရနေတာဖြစ်ပြီး ဒဏ်ရာ ၁၀ ယောက် ရရှိနေတဲ့ လီဗာပူးအသင်းကို ကိုင်တွယ်ရမယ်ဆိုရင်တောင် ပြဿနာမရှိနိုင်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။  ဒါပေမဲ့ စပါးအသင်းမှာ ၁၀ ဦး ဒဏ်ရာရနေမယ်ဆိုရင်တော့ ယူ-၁၆၊ ယူ-၂၁ နဲ့ ယူ-၂၃ အသင်းတွေက ကစားသမားတွေပါ ခေါ်ယူရလိမ့်မယ်လို့ မော်ရင်ဟိုက  ပြောပါတယ်။
5 months Ago

July 26, 2020

ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်း လက်ကျန်ပွဲစဉ်များ အမ်ဘာပေ လွဲချော်နိုင် 

ဒဏ်ရာရရှိခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်အမ်ဘာပေဟာ ခြေချင်းဝတ် အရွတ် ပျက်စီးသွားမယ့်အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ပေမယ့် အသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေကိုတော့ လွဲချော်သွားရဖို့ ရှိနေပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ စိန့်အက်တီအန်နဲ့ ကစားခဲ့တဲ့ Coupe de France ဗိုလ်လုပွဲ ပထမပိုင်းမှာတင် ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။ ဒီပွဲမှာ အသင်းဟာ နေမာရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အမ်ဘာပေရဲ့ ဒဏ်ရာအခြေအနေကြောင့် တော်တော်လေး စိုးရိမ်မှု ဖြစ်ခဲ့ရပါတယ်။  အမ်ဘာပေကို အဖျက်ကြမ်းခဲ့တဲ့ စိန့်အက်တီအန်အသင်း ခေါင်းဆောင်ဟာလည်း တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာသွားချိန်မှာ အမ်ဘာပေဟာ တော်တော်လေးနာကျင်နေတဲ့ပုံစံကို မြင်တွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ချိုင်းထောက်နဲ့ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ သူ့ဒဏ်ရာဟာ အရွတ်ပျက်စီးသွားတာထက် ပြင်းထန်တဲ့ အဆစ်လွဲခြင်းမျိုးဖြစ်နိုင်ပြီး ဒဏ်ရာအခြေအနေ အတိအကျကိုတော့ လာမယ့် ၇၂ နာရီအတွင်း သိရှိရမှာ ဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းဟာ အခုလ ၃၁ ရက်နေ့မှာ လိုင်ယွန်အသင်းနဲ့ Coupe de La Ligue ဗိုလ်လုပွဲကစားဖို့ရှိနေပြီး သြဂုတ်လအတွင်းမှာ အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ဒုတိယအကျော့ ကစားရ့ဖိုရှိနေပါတယ်။ အတ္တလန္တာအသင်းဟာလည်း ဒီရာသီအတွင်း စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အထိ တိုက်စစ်အင်အား ထက်မြက်နေတဲ့အသင်း ဖြစ်တာကြောင့် ဒုတိယအကျော့ပွဲစဉ်ဟာ ပီအက်စ်ဂျီအသင်းအတွက် အမှားအယွင်းခံလို့မရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အသင်းရဲ့တိုက်စစ်မှူးတဦးဖြစ်တဲ့ ကာဗာနီဟာလည်း စာချုပ်သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ဒီပွဲမှာသာ အမ်ဘာပေ မပါဝင်နိုင်ခဲ့ရင် နည်းပြတူချယ်အတွက် တိုက်စစ်ပိုင်းဆိုင်ရာ အားနည်းချက်နဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။  အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် ဒီရာသီအတွင်း ၃၄ ပွဲကစားပြီး ဂိုး ၃၀ သွင်းယူကာ ၁၈ ဂိုး ဖန်တီးပေးထားသူ ဖြစ်ပါတယ်။
10 months Ago
More News
Up